မသွားရသတ်မှတ်ထားတဲ့ ဒေသကို သွားရောက်အပန်းဖြေခဲ့တာပါ။
Pyae Phyo Thein

ရော်နယ်ဒိုဟာ အတူနေချစ်သူ ဂျော်ဂျီယာနဲ့အတူ snowmobile စီးနင်းနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပြီးနောက် စည်းကမ်းတွေချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံနေရသူလည်းဖြစ်ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ခရီးထွက်ခဲ့လို့ စုံစမ်းစစ်ဆေးမှုတွေခံရတော့မယ့် အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ လွတ်လပ်တဲ့နိုင်ငံသားတစ်ဦးဖြစ်တယ်လို့ ဂျူဗီနညး်ပြပီယာလိုက ကာကွယ်ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ အတူနေချစ်သူ ဂျော်ဂျီယာနဲ့အတူ snowmobile စီးနင်းနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပြီးနောက် စည်းကမ်းတွေချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံနေရသူလည်းဖြစ်ပါတယ်။



ဂျော်ဂျီယာရဲ့ အသက် ၂၇ နှစ်ပြည့်မွေးနေ့အဖြစ် ရော်နယ်ဒိုတို့နှစ်ဦးဟာ အီတလီတောင်တစ်ခုက အပန်းဖြေစခန်းတစ်ခုကို သွားရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ Piedmont ဒေသအတွင်းက Valle d'Aosta ကို သွားရောက်လည်ပတ်ခဲ့ကြတာဖြစ်ပြီး အဆိုပါဒေသဟာ လိမ္မော်ရောင်ဇုန်အဖြစ်သတ်မှတ်ထားပြီး ခရီးသွားလာခြင်းမပြုလုပ်ဖို့အတွက် အစိုးရက စည်းမျဉ်းစည်းကမ်းတွေနဲ့ တားမြစ်ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ 

တကယ်လို့သာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရမယ်ဆိုရင် ရော်နယ်ဒိုဟာ ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့လည်း သိရပါတယ်။ ပီယာလိုကတော့ ဒီနေ့ကစားမယ့် ဆမ်ဒိုရီးယားနဲ့ပွဲကြို သတင်းစာရှင်းလင်းပွဲမှာတော့ သူ့ရဲ့တိုက်စစ်မှူးဟာ အားလပ်ရက်မှာ လွတ်လွတ်လပ်လပ်နဲ့ အပန်းဖြေနေခဲ့တာဖြစ်ပြီး အသင်းမှာမရှိချိန်မှာတော့ လွတ်လပ်တဲ့နိုင်ငံသားတစ်ဦးအဖြစ်နဲ့ ကိုုယ်ပိုင်လုပ်ဆောင်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

"ရော်နယ်ဒိုက တစ်ရက်ခွင့်ရခဲ့ပြီးတော့ သူ့ရဲ့အားလပ်ရက်မှာ သူ လုပ်ချင်တာကို လွတ်လွတ်လပ်လပ်ပြုလုပ်နိုင်ပါတယ်၊ သူတို့တွေ အသင်းမှာရှိတဲ့အချိန်ဆို ကျွန်တော့်ထိန်းချုပ်မှုအောက်မှာရှိပါတယ်၊ ဒါပေမယ့် အသင်းမှာမရှိချိန်ဆိုရ်ငတော့ သူတို့က လွတ်လပ်တဲ့နိုင်ငံသားတွေဖြစ်ပြီး သူတို့ကိုယ်ပိုင်လုပ်ဆောင်ချင်တာကို လုပ်နိုင်ပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ အရင်ကလည်း အလားတူအဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ပေါ်တူဂီအတွက် နို်င်ငံတကာပွဲစဉ်တွေ သွားရောက်ကစားပေးစဉ်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးနောက် တူရင်ကို ပြန်လာခဲ့ရာမှာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ အီတလီအားကစားဝန်ကြီး Vincenzo Spadafora က စွပ်စွဲပြောဆိုခဲ့ပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို ရယူခဲ့ခြင်းမရှိဘူးလို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ 


ထိုစဉ်ကလည်း ရော်နယ်ဒိုက အဆိုပါပြောဆိုမှုတွေကို ငြင်းဆိုခဲ့ကာ သူ့အနေနဲ့ အာဏာပိုင်တွေကို အလုံးစုံအကြောင်းကြားပြီး ခွင့်ပြုချက်၊ စည်းကမ်းတွေနဲ့အညီ ပြန်လာခဲ့တာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ ရော်နယ်ဒိုဟာ စုံစမ်းစစ်ဆေးခံနေရဆဲဖြစ်ပြီး ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က