ရှုံးပွဲကြောင့် ထိပ်ဆုံးက အက်သလက်ထက် ၂ပွဲပိုကစားပြီး ၇မှတ်ထိ လျော့နည်း နေပါပြီ။
Kyaw Ko Ko Sint

ပြိုင်ပွဲစုံ နောက်ဆုံး ၄ပွဲမှာ ၃ပွဲထိ ရှုံးနိမ့်ထားတဲ့ ရီးရဲဟာ လာလီဂါပြိုင်ပွဲမှာလည်း ထိပ်ဆုံးကအက်သလက်တီကို မက်ဒရစ်အသင်းအောက် နှစ်ပွဲပိုကစားထားပြီး ၇မှတ်ထိ လျော့နည်းနေပါပြီ။

ရီးရဲမက်ဒရစ်အသင်းဟာ ပွဲအစ ၉မိနစ်မှာ နောက်ခံလူ မီလီတာအို ထုတ်ပယ်ခံခဲ့ရပေမယ့် ပြိုင်ပွဲကို အဆန်စီရိုရဲ့ ၁၃ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးနဲ့ ဦးဆောင်နေနိုင်ခဲ့ပါတယ်။



ဒါပေမယ့်လည်း ဒီဂိုးဟာ ၃၂မိနစ်မှာတော့ ပြန်လည်ချေပခြင်း ခံခဲ့ရပြီး အမှတ်လုံးဝ ဆုံးရှုံးသွားစေမယ့်ဂိုးကိုတော့ ပြိုင်ဖက်ကစားသမား မာတီက ၇၈မိနစ်မှာသွင်းယူပြီး ပွဲသိမ်းပေးခဲ့ပါတယ်။

ရှုံးပွဲကြောင့် ရီးရဲဟာ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ၇မှတ်ထိ လျော့နည်းနေခဲ့ပါပြီ။

ဒါ့အပြင် အက်သလက်တီကိုအသင်းဟာ ရီးရဲအသင်းထက် ၂ပွဲလျော့ ကစားထားလို့ ယနေ့ည(တနင်္ဂနွေ)မှာ ကာဒစ်အသင်းနဲ့ ကစားဖို့ ကျန်နေပါသေးတယ်။

အခုပွဲဟာ ရီးရဲနည်းပြ ဇီဒန်းအတွက်တော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပါပဲ ပြီးခဲ့တဲ့အပတ်က ကိုဗစ် ဖြစ်နေလို့ အလာဗက်စ်ကို ၄-၁နဲ့နိုင်ခဲ့တဲ့ပွဲမှာ အသင်းကို ကွင်းအတွင်း ကြီးကြပ်ခွင့်မရခဲ့ပါဘူး။

အခု ပြန်လည်ရရှိခဲ့တဲ့ အချိန်မှာတော့ အသင်းရှုံးပွဲနဲ့ စတင် ရင်ဆိုင်လိုက်တာပဲ ဖြစ်ပါတယ်။ ယခုပွဲမှာ ဇီဒန်းဟာ နောက်ခံ ဗဟိုနေရာမှာ ဗာရနီနဲ့ မီလီတာအိုတို့ကို တွဲဖက်သုံးခဲ့ခြင်းမှာ အဓိက အသင်းခေါင်းဆောင် ခံစစ်မှူး ဆာဂျီယိုရာမို့စ် ဒဏ်ရာရရှိနေလို့ ဖြစ်ပါတယ်။

အခုရှုံးပွဲကြောင့် ရီးရဲဟာ ချန်ပီယံဆု ကာကွယ်တဲ့နေရာမှာ လာလီဂါ ၁၀ပွဲမြောက် ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင် လိုက်ရတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၄ပွဲမှာလည်း ၃ပွဲထိ အရေးနိမ့်ထားပြီး အဲ့ဒီထဲမှာမှ ကိုပါဒယ်ရေး တတိယအဆင့် ပွဲမှာ တတိယတန်းက အယ်လ်ကိုယာနိုအသင်းလေးကို ရှံးနိမ့်ခဲ့တာလည်း အပါအဝင်ဖြစ်ပါတယ်။


Author


က္က