မာဆေးလ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ဖျက်စီးခဲ့ကြတာပါ။
Kyaw Ko Ko Sint

ရဲဝန်ထမ်း ၇ဦး ဒဏ်ရာရရှိခဲ့ပြီး ဆိုးသွမ်းပရိသတ် ၂၅ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကာ ပျက်စီး ဆုံးရှုံးမှုတန်ဖိုး အားဖြင့် ယူရို သိန်းနဲ့ချီ ဆုံးရှုံးနစ်နာမယ်လို့ ကနဦး တွက်ချက်မှုအရ သိရပါတယ်။

မာဆေးလ် ပရိသတ် ၃၀၀ ဝန်းကျင်လောက် အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာရောက် တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့တာကြောင့် မာဆေးလ် - ရန်းနက်စ်ပွဲစဥ်ကို အရေးပေါ် ဖျက်သိမ်းခဲ့ရပါတယ်။



ရုတ်ရင်းဆန်ခတ်ဖြစ်စဥ်ကြောင့် ရဲဝန်ထမ်း ၇ဦးအထိ ဒဏ်ရာရရှိခဲ့သလို ရန်ပြု တိုက်ခိုက်ခဲ့သူတွေထဲမှ ၂၅ဦးကို လည်း ဖမ်းဆီးရမိထားတယ်လို့ ဒေသအာဏာပိုင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပေးပါတယ်။

အခုလိုမျိုး ဆန္ဒပြ တိုက်ခိုက်မှု ဖြစ်စဥ် ဖြစ်ပေါ်လာရခြင်းအဓိက အကြောင်းရင်းကတော့ ပရိသတ်တွေဟာ မာ ဆေးလ်အသင်းရဲ့ ကွင်းတွင်း၊ကွင်းပြင် စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်များအပေါ် မကျေနပ်မှုတွေ များလာတာ ကြောင့်လို့လည်း သိရပါတယ်။

စနေနေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဥ်မှာ ဆိုးသွမ်းပရိသတ်တွေကြောင့် လေ့ကျင့်ရေးကွင်းမှ အသုံး အ‌ဆောင်အချို့ ပျက်စီးခဲ့တယ်လို့သိရပါတယ်။

မာဆေးလ်အသင်းအနေနဲ့ကလည်း ပရိသတ်တွေ ဒေါသဖြစ်ချင်စရာကောင်းလှအောင် ပြိုင်ပွဲစုံ ၄ပွဲဆက်တိုက် ရှုံး နိမ့်ထားပါတယ်။

ဖြစ်စဥ်နဲ့ ပတ်သက်ပြီးမူ - “ လက်မခံနိုင်စရာ တိုက်ခိုက်ခံရမှုကို ရှုတ်ချပါတယ်။ဒီလို အပြုအမူဟာ လက်ရှိ နေထိုင်နေတဲ့ လူ့ပတ်ဝန်းကျင်ကို ပျက်စီးစေပါတယ်။ဒါကြောင့် တိုက်ခိုက်မှုမှာ ပါဝင်သူတွေမှန်သမျှကို အရေးယူ သွားမှာပါ။ဒီလိုတာဝန်မဲ့မှုမျိုးနဲ့ လက်မခံနိုင်စရာ ကိစ္စတွေကို လုံးဝ ရှုတ်ချပါတယ်။”လို့ မာဆေးလ်အသင်းက လည်း တရားဝင် ထုတ်ပြန်ချက် ထုတ်လာခဲ့ပါတယ်။

လေ့ကျင့်ရေးကွင်း ပျက်စီးဆုံးရှုံးမှုတန်းဖိုးကို အကြမ်းဖျဥ်းတွက်ချထားမှုအရ ယူရို သိန်းနဲ့ချီ ဆုံးရှုံး နစ်နာခဲ့တယ်လို့ သိရပါ‌သေးတယ်။

ဖြစ်စဥ်ကြောင့် မာဆေးလ်အသင်းရဲ့ နည်းပြ ဗီလာဘို့အာ့စ်က - “ကျွန်တော့်အနေနဲ့ ဇွန်လကုန်ရင် စာချုပ်သက် တမ်းတိုးဖို့ မဖြစ်နိုင်တော့ဘူးလို့ထင်ပါတယ်။ဒီရာသီကုန်တာနဲ့ အသင်းက ထွက်ခွာဖို့ လုပ်ပါတော့မယ်။”လို့ ပရိ သတ်တွေကို စိတ်ပျက်စွာနဲ့ သတင်းစကားထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က