ကစားသမားဘဝ ဂိုးပေါင်း ၆၅၀ ပြည့်သွားခဲ့ပါပြီ။

ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ ဘီလ်ဘာအိုနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် အလွတ်တည်ဘောကတဆင့် တစ်ဂိုးသွင်းယူပြီးနောက် သမိုင်းမှတ်တိုင်သစ်တစ်ခုကို စိုက်ထူလိုက်ပြန်ပြီဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် ၂၀ မှာ မက်ဆီက လှပသပ်ရပ်တဲ့ ဂိုးကန်သွင်းချက်နဲ့ သွငး်ယူခဲ့တာဖြစ်ပြီး ဘာစီလိုနာက ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မက်ဆီဟာ သူ့ရဲ့ ဘာစီလိုနာကစားသမားဘဝမှာ သွင်းဂိုးပေါင်း ၆၅၀ မြောက်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အလွတ်တည်ကန်ဘောကနေ သွင်းဂိုး ၄၉ ဂိုးအထိ ရရှိခဲ့ကာ အဆိုပါထဲကမှ ၃၈ ဂိုးကိုတော့ လာလီဂါပွဲစဉ်တွေမှာ ရရှိခဲ့တယ်လို့သိရပါတယ်။ ဘာစီလိုနာနဲ့ အနာဂတ်မသေမချာဖြစ်နေသလို စာချုပ်ပါငွေကြေးကိစ္စတွေလည်း ထွက်ပေါ်လာခဲ့လို့ စိတ်ရှုပ်စရာတွေဖြစ်နေပေမယ့် မက်ဆီကတော့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 



မက်ဆီအနေနဲ့ နောက်ဆုံးဂိုးကန်သွင်းချက် ၄ ကြိမ်ရှိခဲ့ရာမှာ ဖရီးကစ်ကတဆင့် တိုက်ရိုက်ကန်သွင်းမှု ၂ကြိမ်ပါဝင်ခဲ့ပါတယ်။ ဒါဟာ အဲဒီလိုစွမ်းဆောင်ရည်မတိုင်ခင် ၆၂ကြိမ်ကန်သွင်းမှုမှာ ဖရီးကစ်တစ်ကြိမ်သာပါဝင်ခဲ့မှုထက် ပိုမိုသာလွန်ခဲ့တာဖြစ်ပြီး လက်တလောမှာ သူ့ရဲ့ အလွတ်တည်ကန်ဘောကန်သွင်းချက်စွမ်းဆောင်ရည်က ကောင်းမွန်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့်လည်း ဘာစီလိုနာဟာ အမှတ်ပေးဇယားအဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်နောက် ၁၀ မှတ်အကွာမှာ ဆက်လက်ရှိနေပါတယ်။ အေတီကိုကတော့ တစ်ပွဲလျော့ကစားထားပြီး အကောင်းဆုံးခြေစွမ်းနဲ့ ဦးဆောင်နေကာ ဘာစီလိုနာကတော့ အမီလိုက်နို်င်ဖို့အတွက်ကို ကျားကုတ်ကျားခဲကြိုးစားဖို့တော့ လိုအပ်နေဆဲဖြစ်ပါတယ်။ 



က္က