ပီအက်စ်ဂျီကို ကိုင်တွယ်ပြီးနောက် ပြင်သစ်စူပါဖလားကိုရယူကာ နည်းပြဘဝ ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပိုချက်တီနိုဟာ ငါးပွဲမြောက်မှာ ပထမဆုံးရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ လီဂူးပွဲစဉ်မှာ လော်ရီယန့်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုဟာ နည်းပြသစ်ဘဝ ပထမဆုံးရှုံးပွဲကို မြည်းစမ်းလိုက်ရပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီကို ကိုင်တွယ်ပြီးနောက် ပြင်သစ်စူပါဖလားကိုရယူကာ နည်းပြဘဝ ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပိုချက်တီနိုဟာ ငါးပွဲမြောက်မှာ ပထမဆုံးရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မိနစ် ၈၀ နဲ့ နာကျင်အချိန်ပိုတွေမှာ လော်ရီယန်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်သွင်းယူခဲ့လို့ ပီအက်စ်ဂျီရှုံးပွဲကြုံခဲ့ရပါတယ်။ ဒီရှုံးပွဲကြောင့် ပီအက်စ်ဂျီတို့ အဆင့် ၃နေရာအထိ ဆင်းပေးခဲ့ရပြီး အမှတ်ပေးဇယားထိပ်ဆုံးက လိုင်လီနဲ့ ၃ မှတ်ကွာဟခဲ့ကာ လိုင်ယွန်က ဒုတိယနေရာမှာ ၄၆ မှတ်နဲ့ ရပ်တည်နေပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြင်သစ်လီဂူးမှာ အသင်းလေးသင်းက ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေပြီး အဆင့်လေးနေရာက မိုနာကိုကလည်း နိုင်ပွဲတွေဆက်တိုက်ရရှိနေပြီး ရမှတ် ၄၂ မှတ်နဲ့ ဖိအားပေးနေပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီတို့ကြီးစိုးထားတဲ့ ပြင်သစ်လိဂ်ကတော့ ဒီရာသီမှာ အသင်းလေးသင်းအထိ အကြိတ်အနယ်ရှိလာမှုနဲ့အတူ လိုင်ယွန်ရဲ့ တကျော့ပြန်ခြေစွမ်းတွေကြောင့် ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာခဲ့ပြီဖြစ်ပါတယ်။