အေတီကိုက တစ်ပွဲလျော့ကာ ၁၀ မှတ်ဖြတ် ဦးဆောင်နေပါတယ်။
Pyae Phyo Thein

အသင်းအတွက် ခြေစွမ်းပြနေတဲ့ ဆွာရက်ဇ်က ၂ဂိုးအထိ ထပ်မံသွင်းယူခဲ့ကာ အကောင်းဆုံးအနေအထားနဲ့ ကူညီပေးနေခဲ့ပြီး အမှတ်ပေးဇယားမှာ တစ်ပွဲလျော့နဲ့ ဘာစီလိုနာကို ၁၀ မှတ်ဖြတ်တောက်ထားဆဲဖြစ်ပါတယ်။


လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အဝေးကွင်းမှာ ကာဒစ်ကို ၂-၄ နဲ့ အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံးမှာ ပုံမှန်အတိုင်းဆက်ရှိနေခဲ့ပါတယ်။ အသင်းအတွက် ခြေစွမ်းပြနေတဲ့ ဆွာရက်ဇ်က ၂ဂိုးအထိ ထပ်မံသွင်းယူခဲ့ကာ အကောင်းဆုံးအနေအထားနဲ့ ကူညီပေးနေခဲ့ပြီး အမှတ်ပေးဇယားမှာ တစ်ပွဲလျော့နဲ့ ဘာစီလိုနာကို ၁၀ မှတ်ဖြတ်တောက်ထားဆဲဖြစ်ပါတယ်။

ထိပ်သီးအသင်းတွေကို အခက်တွေ့စေခဲ့တဲ့ ကာဒစ်ဟာ အိမ်ကွင်းမှာ အက်သလက်တီကိုကိုလည်း ဖိအားပေးနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်ကတော့ သူတို့အတွက်ရလဒ်ကောင်းလွဲချော်ခဲ့ပါတယ်။ ဆွာရက်ဇ်က ၂၈ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး နီဂရီဒိုက ပြန်လည်ချေပပေးခဲ့ပေမယ့် ဆောလ်နီဂွက်ဇ်၊ ဆွာရက်ဇ်တို့က ဂိုးတွေထပ်မံသွင်းယူခဲ့ပါတယ်။

နီဂရီဒိုကပဲ ပြန်လည်ချေပပြီး ၂-၃ ဆိုတဲ့ အနေအထားကို ရောက်ခဲ့ပေမယ့် ကိုကီက အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဆွာရက်ဇ်ကတော့ ပထမဂိုးကို ဖရီးကစ်ကတဆင့် သွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်းဖော်ဟောင်းမက်ဆီက ဘီလ်ဘာအိုနဲ့ပွဲမှာ ဖရီးကစ်သွင်းကာ ဂိုးသွင်းယူနိုင်မှုနဲ့ တိုက်ဆိုင်ခဲ့ပြီး အသင်းဖော်ဟောင်းနှစ်ဦးအတွက်တော့ အမှတ်တရဖြစ်စေခဲ့ပါတယ်။

ဒီရာသီမှာ အက်သလက်တီကိုအတွက် ဆွာရက်ဇ်က လိဂ်ပွဲ ၁၆ ပွဲမှာ ၁၄ ဂိုးအထိ ရရှိခဲ့ပြီဖြစ်ကာ ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးကနေ ဦးဆောင်ခဲ့ပြီဖြစ်ပါတယ်။ ဆွာရက်ဇ်ကတော့ နူးကမ့်ကနေ ရောက်လာခဲ့ပြီးနောက် အသင်းအတွက် သွင်းဂိုးတွေဆက်တိုက်ရယူနေပြီး အမှတ်ပေးဖလားဆွတ်ခူးနိုင်ဖို့ပါ အဓိကကစားသမားအဖြစ် ပါဝင်နေခဲ့ပြီး သူ့ကိုလက်လွှတ်ခဲ့တဲ့ အသင်းဟောင်းအတွက်တော့ နောင်တရစရာဖြစ်ခဲ့ရပါတယ်။ 

မက်ဆီက ၁၂ ဂိုးနဲ့ ဆွာရက်ဇ်နောက်မှာသာရှိနေပြီး ဆီဗီလာက နက်စ်ရီက မက်ဆီနဲ့ သွင်းဂိုးချင်းတူညီနေကာ ဗီလာရီးရဲလ်က ဂျရတ်မော်ရီနိုက ၁၀ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ အစဉ်လိုက်ရပ်တည်နေကြပါတယ်။ 


Author


က္က