မက်ဆီဟာ အသင်းနဲ့ စာချုပ်အတွက် ယူရို သန်း ၅၅၀ လက်ခံရယူဖို့ သဘောတူညီထားတယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

တနင်္ဂနွေနေ့က The El Mundo သတင်းဌာနမှာ ဖော်ပြလာချက်အရ မက်ဆီဟာ ဘာစီလိုနာနဲ့ လက်ရှိ ချုပ်ဆို ထားတဲ့ စာချုပ်အရ စုစုပေါင်း ယူရို သန်း ၅၅၀ကို လက်ခံဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

The El Mundo သတင်းဌာနက မက်ဆီနဲ့ ဘာစီလိုနာ အသင်းကြားက ချုပ်ဆိုထားတဲ့ စာချုပ်အသေးစိတ် ပမာဏ နဲ့ အကြောင်းအရာတွေကို သတင်းခေါင်းကြီးပိုင်းကနေ တနင်္ဂနွေနေ့က ထုတ်ဖော် ရေးသားလာခဲ့ပါတယ်။



စာချုပ်ပါ အချက်အလက်တွေဟာ confidential ဖြစ်တာကြောင့် ဒီအချက်အလက် အသေးစိတ်ကို ပေါ်ပေါက်စေ ခဲ့သူ မည်သူမည်ဝါဆိုတာကို စစ်ဆေး စုံစမ်းကာ အရေးယူမှု ပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။

မက်ဆီကိုယ်တိုင်ကလည်း တရားရေးအရ အမှုဖွင့်အရေးယူသွားမှာ ဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ပေါက် ကြားစေသူကို ဖော်ထုတ်ကာ အလုပ်မှာ ထုတ်ပယ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာနဲ့ မက်ဆီအကြားမှာ စာချုပ်သက်တမ်းတိုးခ ပေါင် ၁၀၂သန်း တန်ကြေးရှိနေသလို တစ်နှစ်လုပ်ခမှာလည်း ပေါင် ၁၂၂သန်းအထိ တန်ကြေး မြင့်မားနေတာကို တွေ့ရပါတယ်။

ဒီသတင်းကို ပေါက်ကြားစေခဲ့သူ ဘယ်သူလဲဆိုတာနဲ့ သတင်းပေါက်ကြားတဲ့အပေါ်မှာလည်း ဘာစီလိုနာ အသင်းနဲ့ မက်ဆီတို့က အံ့အားသင့်နေကြတယ်လို့လည်းသိရပါတယ်။

နည်းပြ ကိုးလ်မန်းကလည်း စာချုပ်သဘောတူညီချက်ကို ပေါက်ကြားစေသူကို စုံစမ်းဖော်ထုတ်ပြီး အရေးယူမှု ပြု လုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

“သူဟာ စပိတ်ဘောလုံးလောကအတွက် အများကြီး စွမ်းဆောင်ပေးခဲ့သူပါ။အခုဟာက ဘာစီလိုနာနဲ့ မက်ဆီကို နာကျင်စေပါတယ်။အခုသတင်းကို ပေါက်ကြားစေသူမှာ အတွင်းပိုင်းက လူဖြစ်တယ်ဆိုရင် အင်မတန်မှ ဆိုးရွား တဲ့ လုပ်ရပ်ပါပဲ။ဒီလူဟာ ဘာစီလိုနာရဲ့ အနာဂတ်မှာ မရှိသင့်ပါဘူး။”လို့ ကိုးလ်မန်းက ပြောဆိုခဲ့ပါတယ်။

မက်ဆီကတော့ မနေ့ညကမှ ဘီဘာအိုနဲ့ ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဥ်မှာ ပြစ်ဒဏ်ဘောကတဆင့် လှလှပပ သွင်းယူပြီး ဘာစီလိုနာအသင်းကလည်း ပွဲအပြီးမှာ ၂-၁နဲ့ အနိုင်ရခဲ့ပါတယ်။

အနိုင်ရလဒ်ကြောင့် ပွဲစဥ် ၂၀ ကစားအပြီး ရမှတ်၄၀အထိ ရရှိလာကာ အဆင့် ၂နေရာမှာ ထိပ်ဆုံးက အက်သလက် အောက် တစ်ပွဲပိုကစား ၁၀မှတ်လျော့နည်းနေဆဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က