ရော်နယ်ဒိုကတော့ ၅ရက်နေ့မှာ ၃၆နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။

ယခုနှစ်ဘောလုံးရာသီ ပြိုင်ပွဲစုံ ၂၃ပွဲကစားထားရာမှာ ၂၂ဂိုးအထိသွင်းယူပေးထားနိုင်ပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ လာမယ့် သောကြာနေ့မှာ ၃၆နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။

ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဥ်မှာတော့ ဂျူဗင်တပ်အသင်းဟာ ရော်နယ်ဒိုရဲ့ သွင်းဂိုး တွေနဲ့ အင်တာမီလန်အသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။



အာဂျင်တီးနား တိုက်စစ်မှူး မာတီနက်ဇ်ရဲ့ ၉မိနစ်မှာ သွင်းယူတဲ့ ဂိုးနဲ့ ဂျူဗင်တပ်ကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့် လည်း ရော်နယ်ဒိုက ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဆက်တိုက် သွင်းယူပေးနိုင်ခဲ့တာပါ။

လာမယ့် သောကြာနေ့ ဖေဖော်ဝါရီ ၅ရက်နေ့ဆိုရင် ၃၆နှစ်ပြည့်မြောက်မှာဖြစ်တဲ့ ရော်နယ်ဒိုဟာ ယခုနှစ် ဘောလုံး ရာသီ ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၃ပွဲကစားထားရာမှာ ၂၂ဂိုးအထိ သွင်းယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ယခုနိုင်ပွဲကြောင့် ဇန်နဝါရီလက အင်တာမီလန်ကို လိဂ်မှာ ရှုံးထားတဲ့ ရှုံးကြွေးကို ပြန်လည် လက်စားချေနိုင်ခဲ့ တယ်လို့ ဆိုရမှာပါ။

ဒါ့အပြင် ယခုနိုင်ပွဲဟာ ပထအကျော့ နိုင်ပွဲလည်း ဖြစ်လို့ ဂျူဗင်တပ်ဟာ ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ပထမအကျော့ နောက်ဆုံး ၅ပွဲဆက်မှာ လေးကြိမ်အထိ အနိုင်ယူပြထားနိုင်ပြီ ဖြစ်ပါတယ်။

ယခု ဆုဖလားကိုလည်း ၁၃ကြိမ်တိတိ ရယူထားနိုင်တဲ့ ဂျူဗင်တပ်အသင်းဟာ ဒုတိယအကျော့ပွဲစဥ်အဖြစ် ဖေဖော် ဝါရီလ ၉ရက်နေ့မှာ အိမ်ကွင်းပြန်လည် ဧည့်ခံ ကစားရပါမယ်။



က္က