ပရီးမီးယားကလပ်တွေအတွက် အခွင့်ကောင်းဖြစ်လာခဲ့ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်တွေကိို ဖေဖော်ဝါရီလ ၁၆၊ ၁၇၊ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပြီး ဒုတိယအကျော့ကို မတ်လ ၉၊ ၁၀၊ ၁၆ နဲ့ ၁၇ ရက်တွေမှာ ကစားကြမှာပါ။


ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ် နဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်ကို ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက်မြို့ကို ပြောင်းရွှေ့ကျင်းပဖို့ အတည်ပြုလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် စပိန်နိုင်ငံဟာ ဗြိတိန်ကလာရောက်သူတွေကို ပြည်ဝင်ခွင့်ပိတ်ပင်ထားလို့ အခုလို ပြောင်းရွှေ့ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပိုလန်နိုင်ငံ၊ ၀ါဆောမှာကျင်းပဖို့အတွက်လည်း စဉ်းစားခဲ့ပေမယ့်လည်း အဆုံးသတ်မှာ ဘူခါရက်ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ သူတို့ရဲ့အိမ်ကွင်းမှာပဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်ကတော့ အိမ်ကွင်းအခွင့်အရေးကို လက်လွှတ်ရကာ ကြားကွင်းမှာကစားရမှာဖြစ်လို့ အနည်းငယ်တော့ အားနည်းစရာအဖြစ်ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

ဒီပွဲစဉ်အပြင် ရီးရဲလ်ဆိုဆီဒက်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်ကိုလည်း ဂျူဗင်တပ်စ််အသင်းရဲ့ အိမ်ကွင်းမှာ ကစားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ယူနိုက်တက်ကတော့ သူတို့အိမ်ကွင်းပွဲကို ပုံမှန်အတိုင်းလက်ခံကစားနိုင်မှာဖြစ်ပြီး အဝေးကွင်းအဖြစ်ကစားရမယ့်ပွဲကို တူရင်မှာ သွားရောက်ကစားရမယ်လို့ သိရပါတယ်။

နောက်ထပ်ယူရိုပါလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘင်ဖီကာ နဲ့ အာဆင်နယ်တို့ပွဲစဉ်မှာလည်း ပေါ်တူဂီက ဗြိတိန်မှလာရောက်သူတွေကို ပိတ်ပင်ထားလို့ ကွင်းပြောင်းကျင်းပမှာဖြစ်ပြီး ဒုတိယအကျော့ကို အေသင်မှာ သွားကစားရတော့မှာဖြစ်ပါတယ်။ အာဆင်နယ်က ပထမအကျော့ကို သူတို့အိမ်ကွင်းမှာပဲ လက်ခံကစားရမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။ 


ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်တွေကိို ဖေဖော်ဝါရီလ ၁၆၊ ၁၇၊ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပြီး ဒုတိယအကျော့ကို မတ်လ ၉၊ ၁၀၊ ၁၆ နဲ့ ၁၇ ရက်တွေမှာ ကစားကြမှာပါ။ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာကစားမှာဖြစ်ကာ ဒုတိယအကျော့ကိုတော့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။ 



က္က