တိုက်ဆိုင်မှုတစ်ခုကတော့ ဖေဖော်ဝါရီလအတွင်းမှာဆိုရင် အမြဲတမ်းလိုလို ဒဏ်ရာရရှိလေ့ရှိတဲ့ နေမာရဲ့ မှတ်တမ်းဖြစ်ပြီး ဒီကြမ္မာဆိုးကို ရင်ဆိုင်နေရပြီလားလို့ တွေးစရာဖြစ်လာခဲ့ရပါတယ်။
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာဟာ ကိန်းနဲ့ကစားခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ်မှာ ကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် အသင်းဟောင်းဘာစီလိုနာနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပြီလို့ သိရပါတယ်။ ပီအက်စ်ဂျီက အဝေးကွင်းမှာ ၀-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့် နေမာဒဏ်ရာရရှိခဲ့ပြီး အရေးကြီးပွဲစဉ်ကို လွဲချော်နိုင်လို့ နိုင်ပေမယ့်မပျော်နိုင်တဲ့ ပွဲစဉ်ဖြစ်ခဲ့ရပါတယ်။
တိုက်ဆိုင်မှုတစ်ခုကတော့ ဖေဖော်ဝါရီလအတွင်းမှာဆိုရင် အမြဲတမ်းလိုလို ဒဏ်ရာရရှိလေ့ရှိတဲ့ နေမာရဲ့ မှတ်တမ်းဖြစ်ပြီး ဒီကြမ္မာဆိုးကို ရင်ဆိုင်နေရပြီလားလို့ တွေးစရာဖြစ်လာခဲ့ရပါတယ်။ ဒါ့အပြင် ညီမဖြစ်သူရဲ့ မွေးနေ့တိုင်းမှာလည်း ဒဏ်ရာကြောင့် အသင်းအတွက် ကစားပေးနိုင်လေ့မရှိတဲ့ နေမာဟာ ညီမမွေးနေ့ရောက်ဖို့ တစ်လတိတိသာ လိုတော့တဲ့အချိန်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်လည်း တိုက်ဆိုင်မှုဖြစ်လာဦးမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
လက်ရှိမှာတော့ ကစားသမားရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေရတယ်လို့ သိရပြီး အသင်းဖော်တိုက်စစ်မှူးမွိုက်ကီးန်ကတော့ လာမယ့်ပွဲမှာ နေမာကစားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပွဲအပြီးမှာပြောဆိုခဲ့ပါတယ်။ နည်းပြဖြစ်သူ ပိုချက်တီနိုအတွက်ကတော့ ဘာစီလိုနာနဲ့ပွဲမှာ နေမာမကစားနိုင်ခဲ့ဘူးဆိုရင် အနည်းငယ်အခက်တွေ့ဖွယ်ရှိလာမှာဖြစ်ပြီး ဘတ်ပီ၊ အီကာဒီ နဲ့ မွိုက်ကီးန်တို့ကိုသာ တိုက်စစ်ပိုင်းအတွက် အားကိုးရတော့မှာဖြစ်ပါတယ်။