ထိပ်ဆုံးငါးဦးစာရင်းမှာ ကွင်းလယ်လူအဖြစ် သူတစ်ဦးတည်း ပါဝင်နေတာပါ။
Pyae Phyo Thein

ထိပ်ဆုံးငါးဦးစာရင်းမှာတော့ တိုက်စစ်ကစားသမား ၄ ဦးအထိ ပါဝင်ခဲ့ပြီး တိုက်စစ်မှူးမဟုတ်တဲ့ တစ်ဦးတည်းသောကစားသမားအဖြစ် ယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ် ပါဝင်လာခဲ့ပါတယ်။ 


Transfermarkt က ထုတ်ပြန်ခဲ့တဲ့ ဒီရာသီ ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားစာရင်းမှာ ဘိုင်ယန်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါစကီးက ထိပ်ဆုံးကနေ ရပ်တည်နေခဲ့ပါတယ်။ ထိပ်ဆုံးငါးဦးစာရင်းမှာတော့ တိုက်စစ်ကစားသမား ၄ ဦးအထိ ပါဝင်ခဲ့ပြီး တိုက်စစ်မှူးမဟုတ်တဲ့ တစ်ဦးတည်းသောကစားသမားအဖြစ် ယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ် ပါဝင်လာခဲ့ပါတယ်။ 

လီဝန်ဒေါစကီးက သွင်းဂိုး ၂၄ ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားကာ စုစုပေါင်းဂိုး ၃၀ အထိ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ်ငါးခုမှာ ထိပ်ဆုံးကနေ ရှိနေခဲ့ပါတယ်။ စပါးတိုက်စစ်မှူးဟယ်ရီကိန်းက သွင်းဂိုး ၁၃ ဂိုးနဲ့ ဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားကာ စုစုပေါင်း ၂၄ ဂိုးအထိ ပါဝင်ပတ်သက်ပြီး ပိုလန်တိုက်စစ်မှူးနောက်မှာ ရပ်တည်နေပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ကတော့ သွင်းဂိုး ၁၃ ဂိုး နဲ့ ဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးထားကာ တတိယနေရာမှာ ရှိနေခဲ့ပြီး တိုက်စစ်မှူးတွေနဲ့အပြိုင်အဆိုင်ဖြစ်နေခဲ့ပါတယ်။ သူ့နောက်မှာတော့ ကိုင်လီယန်ဘတ်ပီက သွင်းဂိုး ၁၆ ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်၊ သောမတ်စ်မူလာက သွင်းဂိုး ၁၀ ဂိုးနဲ့ ဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ကာ အစဉ်လိုက်ရပ်တည်နေတာကို တွေ့ရှိရပါတယ်။ 

ဂျူဗင်တပ်စ်အတွက် ခြေစွမ်းပြနေတဲ့ ရော်နယ်ဒိုကတော့ သွင်းဂိုး ၁၆ ဂိုးအထိ ရရှိထားပြီး ဖန်တီးမှုက ၂ ကြိမ်သာပြုလုပ်ထားလို့ အဆင့် ၁၀ နေရာမှာ ဆွာရက်ဇ်နဲ့ ပူးတွဲရပ်တည်နေခဲ့ပါတယ်။ မက်ဆီကတော့ သွင်းဂိုး ၁၃ ဂိုးနဲ့ ဖန်တီးမှု ၄ ကြိမ်သာ ပြုလုပ်ထားနိုင်လို့ အဆင့် ၁၈ နေရာမှာသာ ရှိနေခဲ့ကာ ဒီရာသီမှာ သူ့ရဲ့ခြေစွမ်းက ပြီးခဲ့တဲ့ရာသီကထက် အနည်းငယ်နိမ့်ကျသွားခဲ့တယ်လို့ ယူဆရပါတယ်။ 


Author


က္က