ဖော်လိုဝါပေါင်း သန်း ၅၀၀ ပိုင်ဆိုင်ခဲ့ပါပြီ။

အင်စတာဂရမ်မှာ Sponsor Post တစ်ခုတင်တိုင်းမှာ ရော်နယ်ဒိုက ပေါင် ၉၇၀၀၀၀ အထိ ရရှိနေတယ်လို့လည်း The Sun က ဖော်ပြခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ ထင်ပေါ်ကျော်ကြားမှုက သူ့အတွက်တော့ ငွေတွင်းကြီးတစ်ခုအဖြစ်ရှိနေပြီလည်းဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ ကွင်းတွင်းအောင်မြင်မှုတွေအကြီးအကျယ်ရရှိနေသလို အခုအခါမှာလည်း ကွင်းပြင်ပမှာလည်း ကြီးမားတဲ့အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူလိုက်နိုင်ပြီဖြစ်ပါတယ်။ ဗြိတိန်သတင်းစာ The Sun ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ လူမှုကွန်ရက်တွေပေါ်မှာ Follower ပေါင်း သန်း ၅၀၀ အထိ ရရှိတဲ့ ပထမဆုံးလူပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။



ကမ္ဘာတလွှားလူအသုံးအများဆုံး ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့ဘွတ်ခ်၊ အင်စတာဂရမ်နဲ့ တွစ်တာတို့မှာ ရော်နယ်ဒိုက ဘယ်လိုလူပုဂ္ဂိုလ်မျိုးထက်မဆို ပရိသတ်ပိုမိုများပြားနေခဲ့တာလည်းဖြစ်ပါတယ်။ The Sun ရဲ့ အဆိုအရ ရော်နယ်ဒိုဟာ ဖေ့ဘွတ်ခ်မှာ ဖော်လိုဝါ ၁၂၄ သန်း၊ တွစ်တာမှာ ၉၁ သန်းနဲ့ အင်စတာဂရမ်မှာ ၂၆၁ သန်းအထိ ပိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒ့ါအပြင် အသုံးမပြုတာ ၄ နှစ်အထိကြာမြင့်နေပြီဖြစ်တဲ့ Youtube မှာလည်း ဖော်လိုဝါတစ်သန်းအထိ ရော်နယ်ဒိုက ရရှိထားကြောင်း ဆိုပါတယ်။ ဒီအရေအတွက်ပမာဏဟာ ပြီးခဲ့တဲ့နှစ်ကထက် ပိုမိုမြင့်တက်လာခဲ့တာဖြစ်ပြီး ဘောလုံးကစားသမားတွေထဲမှာ ထိပ်ဆုံးနေရာဖြစ်နေသလို ကဏ္ဍအသီးသီးက ထင်ပေါ်ကျော်ကြားသူတွေထက် ရော်နယ်ဒိုက ပိုမိုသာလွန်နေခဲ့တာလည်းဖြစ်ပါတယ်။

သူ့ရဲ့ လူမှုကွန်ရက်တွေက ရရှိတဲ့ တစ်နှစ်တာဝင်ငွေစုစုပေါင်းဟာလည်း ဂျူဗင်တပ်စ်အသင်းမှာ ရရှိနေတဲ့ တစ်နှစ်စာလုပ်ခလစာထက် ပိုမိုများပြားနေတယ်လို့ သိရပါတယ်။ အင်စတာဂရမ်မှာ Sponsor Post တစ်ခုတင်တိုင်းမှာ ရော်နယ်ဒိုက ပေါင် ၉၇၀၀၀၀ အထိ ရရှိနေတယ်လို့လည်း The Sun က ဖော်ပြခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ ထင်ပေါ်ကျော်ကြားမှုက သူ့အတွက်တော့ ငွေတွင်းကြီးတစ်ခုအဖြစ်ရှိနေပြီလည်းဖြစ်ပါတယ်။


အသက် ၃၆ နှစ်အရွယ် ကစားသမားဟာ မဟာပြိုင်ဘက်ကြီးမက်ဆီကို ဒီနေရာမှာ အပြတ်အသတ်အသာစီးရယူနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ မက်ဆီကတော့ တွစ်တာအသုံးပြုခြင်းမရှိဘဲ ဖေ့ဘွတ်ခ်မှာ ဖော်လိုဝါပေါင်း သန်း ၉၀ နဲ့ အင်စတာဂရမ်မှာ ၁၈၃ သန်းအထိ ပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က