ပြီးခဲ့တဲ့အပတ်တွေကမှ စတင်ထုတ်လုပ်တာကြောင့် ၂၀၂၂ မှ လက်ဝယ်ရရှိမယ်ဆိုပါတယ်။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိုင်ဆိုင်ထားသလို တန်ဖိုးကြီးဇိမ်ခံအိမ်တွေကိုလည်း ရော်နယ်ဒိုက ဝယ်ယူထားကာ ကိုယ်ပိုင်ဂျက်လေယာဉ်စီးနင်းနိုင်တဲ့အထိ ကြွယ်ဝချမ်းသာနေတာလည်းဖြစ်ပါတယ်။ 


ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ ယူရို ၈ သန်းတန်ကြေးရှိတဲ့ Bugatti Centodieci ကားကို သူ့ရဲ့ ၃၆ နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကားဟာ ၂.၄ စက္ကန့်အတွင်း ကီလိုမီတာ ၀-၁၀၀ အထိ မောင်းနှင်နိုင်တဲ့ ဇိမ်ခံကားဖြစ်ပြီး သူ့အတွက်တော့ နောက်ထပ်တန်ဖိုးကြီးဇိမ်ခံကားတစ်စီးကို စုဆောင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ အီတလီက သူနေထိုင်ရာအိမ်မှာလည်း နာမည်ကြီးဇိမ်ခံကားတွေကို ဝယ်ယူထားရှိထားတယ်လို့ သိရပြီး Bugatti ရဲ့ အမာခံဖောက်သည်တစ်ဦးဖြစ်ကာ ဖာရာရီ၊ ရိုးရွိိုက်စ်၊ လန်ဘော်ဂီနီတို့လို နာမည်ကြီးအမှတ်တံဆိပ်ကားတွေကိုလည်း ဝယ်ယူထားတယ်လို့ သိရပါတယ်။ 

ဘန်တလေ၊ McLaren Senna တို့လို တန်ဖိုးကြီးကားတွေလည်းရှိကာ McLaren Senna ကိုတော့ ဇူလိုင်လအတွင်းမှာ ဝယ်ယူခဲ့ပြီး ပေါင်ခုနှစ်သိန်းခွဲပေးချေခဲ့ရတယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ အတူနေချစ်သူဖြစ်တဲ့ ဂျော်ဂျီနာကလည်း ရော်နယ်ဒို ၃၅ နှစ်ပြည့် မွေးနေ့တုန်းက ပေါင်ခြောက်သိန်းတန် Mercedes G Wagon ကားကို မွေးနေ့လက်ဆောင်ဝယ်ပေးခဲ့ပေမယ့် အခုဝယ်ယူခဲ့တဲ့ Bugatti Centodieci က အဆိုပါကားအားလုံးထက် သာလွန်နေတယ်လို့ ဆိုပါတယ်။ 

ဒီကားအမျိုးအစားကို စုစုပေါင်း ၁၀ စီးတည်းသာ ထုတ်လုပ်မယ်လို့ ယုံကြည်ရပြီး လက်ရှိမှာ ၁၀ စလုံးရောင်းထွက်ခဲ့ပြီလို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကမှ စတင်ထုတ်လုပ်နေတာကြောင့် စီးခွင့်ရဖို့အတွက်ဆိုရင် ၂၀၂၂ ခုနှစ်အထိ စောင့်ဆိုင်းရဦးမှာဖြစ်ကာ အကြိုဝယ်ယူထားတဲ့သဘောသက်ရောက်နေတာလည်း ဖြစ်ပါတယ်။ 

နာမည်ကျော်ကြားတဲ့ ဘောလုံးစူပါစတားတစ်ဦးဖြစ်တာနဲ့အညီ ရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ရရှိခဲ့တဲ့ ဝင်ငွေအရပ်ရပ်က ဒေါ်လာတစ်ဘီလီယံကျော်အထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိုင်ဆိုင်ထားသလို တန်ဖိုးကြီးဇိမ်ခံအိမ်တွေကိုလည်း ရော်နယ်ဒိုက ဝယ်ယူထားကာ ကိုယ်ပိုင်ဂျက်လေယာဉ်စီးနင်းနိုင်တဲ့အထိ ကြွယ်ဝချမ်းသာနေတာလည်းဖြစ်ပါတယ်။ 



က္က