ဒီနေ့ည ၁ဝး၃၀ နာရီမှာ ကစားသွားမှာပါ။

ယူရို ၁၆ သင်းအဆင့်ရှုံးထွက်ပွဲတွေကို ဒီနေ့ဆက်လက်ကစားမှာဖြစ်ပြီး နယ်သာလန် နဲ့ ချက်ပွဲစဉ်ကိုတော့ ည ၁ဝး၃၀ နာရီမှာ ကစားသွားမှာပါ။ ဖရန်ဒီဘိုးဝါးရဲ့အသင်းဟာ ဒီပိုင်း၊ ၀ိုင်နယ်ဒမ်တို့ရဲ့အားနဲ့ အသင်းကြီးတစ်သင်းပုံစံကို ပြသနေခဲ့ပြီး ထင်မှတ်မထားတဲ့ ကစားသမားတချို့ရဲ့ ခြေစွမ်းပြမှုတွေက သူတို့ကို မျှော်လင့်ချက်အားကောင်းနေစေပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီးတော့ သိထားသင့်တဲ့ အချက်အလက်တွေကို မျှဝေပေးချင်ပါတယ်။ 


ထိပ်တိုက်တွေ့ဆုံမှု

___________

ချက်ကတော့ နယ်သာလန်နဲ့တွေ့တိုင်းမှာ အံ့အားသင့်စရာရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီနှစ်သင်းဟာ စုစုပေါင်း ၁၁ ကြိမ်ရင်ဆိုင်ထားဖူးပြီး ချက်က ငါးကြိမ်အထိအနိုင်ရထားတာဖြစ်လို့ပါပဲ။ နယ်သာလန်ကတော့ ၃ကြိမ်သာ အနိုင်ရရှိထားပြီး ၃ ကြိမ်အထိ သရေကျခဲ့ကာ ယူရိုနဲ့ပတ်သက်ပြီးနောက်ဆုံးတွေ့ဆုံခဲ့တာကတော့ ၂၀၁၅ မှာဖြစ်ပြီး ၃-၂ နဲ့ ချက်က အနိုင်ရရှိထားခဲ့ပါတယ်။ အခုချိန်မှာတော့ နယ်သာလန်က ပိုကောင်းတဲ့အသင်းအဖြစ်ရှိနေပါတယ်။ 


နယ်သာလန်ယူရိုရလဒ်များ - နိုင်၊ နိုင်၊ နိုင်

ချက်ယူရိုရလဒ်များ - ရှုံး၊ သရေ၊ နိုင်


သိထားသင့်တဲ့ကိန်းဂဏန်းများ

_______________

၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နယ်သာလန်တို့ ယူရိုရှုံးထွက်အဆင့်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၃၃ နှစ်အတွင်း ဟော်လန်ဟာ ယူရိုရှုံးထွက်အဆင့် ၇ ပွဲသာ ကစားခဲ့ဖူးပြီးတော့ ၂ပွဲသာအနိုင်ရဖူးပါတယ်။ ချက်နဲ့ကစားခဲ့တဲ့နောက်ဆုံးနှစ်ပွဲမှာလည်း ဟော်လန်တို့ ငါးဂိုးအထိပေးခဲ့ရပြိး တော်တော်လေးကိုဆိုးရွားနေခဲ့ပါတယ်။ 


ဒီပိုင်းကတော့ ဟော်လန်အတွက် ၆၇ ပွဲမှာ ၂၈ ဂိုးသွင်းကာ ၂၃ ကြိမ်ဖန်တီးပေးထားပြီး အဓိကကစားသမားအဖြစ်ရှိနေပါတယ်။ လိုင်ယွန််အတွက်ခြေစွမ်းပြခဲ့ပြီးနောက် ဟော်လန်မှာလည်း သူက ဂိုးသွင်းခြေတွေ့နေပါတယ်။ 

ပက်ထရစ်ရှရစ်ကတော့ ချက်ရဲ့ အဓိကကစားသမားပါ။ အံ့အားသင့်စရာသွင်းဂိုးအပါအဝင် ချက်အတွက် ၃ ဂိုးအထိ ရယူပေးထားပြီး ယူရိုမှာ သူက ၁၉၈၀ နောက်ပိုင်း အဝေးဆုံးအကွာအဝေးကနေ ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ 



က္က