အကြိတ်အနယ်ပွဲကောင်းဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

အုပ်စုအဖွင့်ပွဲတွေမှာ ရလဒ်တွေယိမ်းယိုင်ခဲ့ပြီး နောက်ဆုံးပွဲစဉ်ကျမှ အနိုင်ရတာချင်းလည်း တူညီနေတဲ့ အသင်းနှစ်သင်းဖြစ်နေပြန်ပါတယ်။


ဒီနေ့ည ၁ဝး၃၀ နာရီမှာ ကစားမယ့်ပွဲဖြစ်ပါတယ်။ အကောင်းဆုံးပုံစံကို မပြနိုင်သေးတဲ့ အသင်းနှစ်သင်းတွေ့ဆုံမှုဖြစ်ပြီး နောက်ဆုံးပွဲတွေမှာ ခြေစွမ်းက ပိုကောင်းလာခဲ့လို့ အကြိတ်အနယ်တော့ရှိမယ်လို့ မျှော်လင့်ရပါတယ်။ အုပ်စုအဖွင့်ပွဲတွေမှာ ရလဒ်တွေယိမ်းယိုင်ခဲ့ပြီး နောက်ဆုံးပွဲစဉ်ကျမှ အနိုင်ရတာချင်းလည်း တူညီနေတဲ့ အသင်းနှစ်သင်းဖြစ်နေပြန်ပါတယ်။ စပိန်က စလိုဗက်ကီးယားကို ၅-၀၊ ခရိုအေးရှားက စကော့တလန်ကို ၃-၁ နဲ့ အနိုင်ရခဲ့ကြတာပါ။ 


ထိပ်တိုက်တွေ့ဆုံမှု

ထိပ်တိုက်တွေ့ဆုံမှုအရဆိုရင်တော့ သူတို့နှစ်သင်းက ၈ ကြိမ်ရင်ဆိုင်ခဲ့ဖူးပါတယ်။ အဲဒီ ၈ ကြိမ်မှာ စပိန်က ၄ ပွဲနိုင်ပြီး ခရိုအေးရှားက ၃ပွဲအနိုင်ရထားခဲ့ပါတယ်။ ၂၀၁၈ မှာရင်ဆိုင်ခဲ့တဲ့ပွဲကတော့ တော်တော်လေးအကြိတ်အနယ်ရှိခဲ့ပြီး ခရိုအေးရှားက ၃-၂ နဲ့ စပိန်ကို အနိုင်ယူခဲ့တာပါ။ စပိန်ရဲ့ ခံစစ်ပိုင်းကို ခရိုအေးရှားတို့ ဒုက္ခပေးခဲ့ပြီးတော့ အဖိုးတန်နိုင်ပွဲကို ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ခရိုအေးရှားယူရိုရလဒ် - ရှုံး၊ သရေ၊ နိုင်

စပိန်ယူရိုရလဒ် - သရေ၊ သရေ၊ နိုင်


စိတ်ဝင်စားဖွယ်ရာကိန်းဂဏန်းများ


၂၀၁၈ ကမ္ဘာ့ဖလား နဲ့ ယူရို ၂၀၁၆ ရဲ့ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲတွေမှာ စပိန်ရလဒ်ဆိုးခဲ့ပါတယ်။ ၂၀၀၈ ကနေ ၂၀၁၂ အထိ ရွှေရောင်ကာလကို လွှမ်းမိုးခဲ့ဖူးတဲ့ စပိန်တို့ အဆိုပါအခြေအနေကို ပြန်မရောက်တာ တော်တော်လေးကြာနေပါပြီ။

ခရိုအေးရှားကတော့ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့အသင်းပါ။ ဒါပေမယ့်လည်း ယူရိုမှာတော့ သူတို့က ၁၆ သင်းအဆင့်ကနေပဲ ၃ ကြိမ်အထိ ထွက်ခဲ့ရဖူးပါတယ်။ ဒီအဆင့်ကို ၆ ကြိမ်ရောက်ခဲ့ရာမှာ ၃ ကြိမ်ထွက်ခဲ့ရတာဖြစ်ပြီး စပိန်နဲ့ပွဲမှာ ဒါကိုရှောင်ကြဉ်နိုင်ဖို့ လိုအပ်နေပါပြီ။


နေးရှင်းလိဂ် ၂၀၁၈ တုန်းက စပိန်က ခရိုအေးရှားကို ၆-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ သူတို့အတွက်ကြီးမားတဲ့နိုင်ပွဲဖြစ်ပြီး အဆိုပါပွဲပြီး ၂လအကြာမှာ ခရိုအေးရှားက ၃-၂ နဲ့ ပြန်အနိုင်ရခဲ့တာပါ။ 


မိုဒရစ်က စကော့တလန်နဲ့ပွဲမှာ ဂိုးသွင်းပြီးတော့ ယူရိုသမိုင်းမှာ ခရိုအေးရှားအတွက် အသက်အကြီးဆုံံးဂိုးသွင်းသူဖြစ်ပါတယ်။ အသက် ၃၅ နှစ်နဲ့ ၂၈၆ ရက်မှာ သွင်းယူခဲ့တာဖြစ်ပြီး သူက ဒိပြိုင်ပွဲမှာပဲ ခရိုအေးရှားရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူလည်း ဖြစ်ခဲ့ဖူးပါတယ်။ 



က္က