ဒီနေ့မှာကစားရမယ့်ပွဲမတိုင်ခင်မှာ ဒါလစ်က ပြောဆိုခဲ့တာပါ။

စပိန်ကတော့ ယူရိုဖလားကို ၃ ကြိမ်ဆွတ်ခူးထားတဲ့အသင်းဖြစ်ပေမယ့်လည်း ပြိုင်ပွဲကြီး နောက်ဆုံး ၃ ခုမှာ ကွာတားအဆင့်ကို မရောက်နိုင်ဘဲ ရှိနေခဲ့ရပါတယ်။


ခရိုအေးရှားအသင်းနည်းပြဒါလစ်က သူတို့အသင်းဟာ စပိန်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်စွမ်းရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီနေ့မှာကစားရမယ့်ပွဲမတိုင်ခင်မှာ ဒါလစ်က ပြောဆိုခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားဒုတိယရခဲ့တဲ့ ခရိုအေးရှားဟာ စပိန်ကိုကျော်ဖြတ်ကာ ကွာတားအဆင့်ကို တက်နိုင်ဖို့ ရည်မှန်းထားကြောင်း BBC က ဖော်ပြခဲ့ပါတယ်။ 

စပိန်ကတော့ ယူရိုဖလားကို ၃ ကြိမ်ဆွတ်ခူးထားတဲ့အသင်းဖြစ်ပေမယ့်လည်း ပြိုင်ပွဲကြီး နောက်ဆုံး ၃ ခုမှာ ကွာတားအဆင့်ကို မရောက်နိုင်ဘဲ ရှိနေခဲ့ရပါတယ်။ ခရိုအေးရှားကတော့ အုပ်စုဒုတိယနေရာနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့တာဖြစ်သလို စပိန်ကလည်း အုပ်စုဒုတိယနေရာမှာသာ ရရှိခဲ့ပြီး ထိပ်တိုက်လာတွေ့နေကြတာဖြစ်ပါတယ်။

"စပိန်က စလိုဗက်ကီးယားနဲ့ပွဲမှာ သူတို့ရဲ့စစ်မှန်တဲ့ပုံစံကိုပြသခဲ့ပါတယ်၊ သူတို့က ငယ်ရွယ်တယ်၊ လျင်မြန်တယ်၊ စွမ်းအင်ပြည့်ဝတဲ့အသင်းပါ၊ ဘောလုံးကို ကြိမ်ဖန်များစွာပေးပို့ပြီး high press ကစားတဲ့အသင်းလည်းဖြစ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာလည်း ကိုယ်ပိုင်အရည်အသွေးရှိပါတယ်၊ သူတို့အတွက် လွယ်ကူမှာမဟုတ်ပါဘူး၊ သူတို့ကို ကျွန်တေ်ာတို့ ရပ်တန့်ပစ်နိုင်ပါတယ်"

"တိုက်စစ်က ခံစစ်ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သတိရဖို့လိုပါတယ်" လို့ ဒါလစ်က ပြောဆိုခဲ့ပါတယ်။ ခရိုအေးရှားဟာ ဒီပွဲမှာတော့ အားထားရတဲ့တောင်ပံကစားသမား ပါရီဆစ်ကို ကိုဗစ်ကူးစက်ခံလိုက်ရလို့ လက်လွှတ်ရမှာလည်းဖြစ်ပါတယ်။ မိုဒရစ်ဦးဆောင်လာမယ့် ခရိုအေးရှားအနေနဲ့ အဓိကကစားသမားတစ်ဦးမပါဝင်ဘဲ စပိန်ကို ရင်ဆိုင်ရမှာဖြစ်တာကြောင့် အခက်အခဲတော့ ရင်ဆိုင်ရမှာ သေချာပါတယ်။ 



က္က