ဘောလုံးလောကရဲ့ ဟာသမင်းသားတစ်ယောက်လိုဖြစ်နေတဲ့ မိုရာတာကို အင်းနရစ်က ပင်တိုင်အသုံးပြုနေဆဲပါ။

နည်းပြကတော့ သူ့ကိုယုံကြည်မှုအပြည့်အဝပေးနေပြီး ဒါတွေကို အလဟဿမဖြစ်အောင်တော့ သူ လုပ်ပြရတေ့ာမှာပါ။


ဒီနေ့ညကစားရမယ့် ခရိုအေးရှားနဲ့ပွဲမှာ စပိန်တိုက်စစ်မှူးမိုရာတာအတွက်တော့ တော်တော်လေးကို အရေးကြီးနေပါတယ်။ ဝေဖန်ပြစ်တင်မှုတွေခံနေရပြီး မိသားစုပါ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ မိုရာတာအတွက် ဒါတွေအားလုံးကို ချေဖျက်ပြနိုင်ဖို့ လိုအပ်နေပြီး နောက်ထပ်လွဲချော်မှုတွေသာ ရှိနေဦးမယ်ဆိုရင်တော့ သူ့ရဲ့ကစားသမားဘဝက စိုးရိမ်စရာတွေရှိလာမှာပါ။

စလိုဗက်ကီးယားနဲ့ပွဲမှာ စပိန်က ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် မိုရာတာက ပင်နယ်တီလွဲချော်ခဲ့ပါတယ်။ ရှေ့နှစ်ပွဲမှာလည်း အပိုင်အခွင့်အရေးတွေ လက်လွှတ်ခဲ့ရပြီး နည်းပြလူးဝစ္စအင်းနရစ်ရဲ့ ထောက်ခံပေးမှုကြောင့်သာ နေရာမြဲခဲ့တဲ့ မိုရာတာကို ပရိသတ်တွေက လှောင်ပြောင်မှုတွေ အဆက်မပြတ်ပြုလုပ်နေခဲ့ကြပြီး ဒါတွေဟာ ယူရိုမတိုင်ခင် ခြေစမ်းပွဲမှာကတည်းက ဖြစ်ခဲ့တာပါ။

သူဘောလုံးနဲ့ထိတိုင်းမှာ boooo လို့ ၀ိုင်းဝန်အော်ဟစ်နေခဲ့ကြပြီး ဂိုးပေါက်နဲ့လွဲချော်တိုင်းမှာ လှောင်ပြောင်နေတဲ့ ပရိသတ်တွေဟာ စလိုဗက်နဲ့ပွဲမှာတော့ ပိုမိုဆိုးဝါးလာခဲ့ပါတယ်။ လူမှုကွန်ရက်တဆင့် မိုရာတာရဲ့ မိသားစုကိုပါ သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်မှုတွေရှိလာပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြအင်းနရစ်က ရဲတပ်ဖွဲ့ကို စုံစမ်းအရေးယူပေးဖို့အတွက် တောင်းဆိုတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 

ဘောလုံးလောကရဲ့ ဟာသမင်းသားတစ်ယောက်လိုဖြစ်နေတဲ့ မိုရာတာကို အင်းနရစ်က ပင်တိုင်အသုံးပြုနေဆဲပါ။ ဒါပေမယ့် မိုရာတာကတော့ သွင်းဂိုးတစ်ဂိုးတည်းသာ ရရှိထားပြီး ခြေစွမ်းမပြနိုင်သေးပါဘူး။ နည်းပြကတော့ သူ့ကိုယုံကြည်မှုအပြည့်အဝပေးနေပြီး ဒါတွေကို အလဟဿမဖြစ်အောင်တော့ သူ လုပ်ပြရတေ့ာမှာပါ။ သူ့အတွက်တင်မဟုတ်ဘဲ နည်းပြအတွက်၊ ပရိသတ်အတွက်၊ မိသားစုအတွက်ပါ မိုရာတာ ဂိုးသွင်းပြနိုင်ဖို့ လိုအပ်နေပါပြီ။ 



က္က