ဒီနေ့မှာလည်း ဘယ်လိုမျိုး ကမောက်ကမရလဒ်တွေဖြစ်လာမလဲဆိုတာကို အားလုံးကသိချင်နေကြပါတယ်။


အင်္ဂလန်ကတော့ အကောင်းဆုံးပုံစံကိုမပြနိုင်သေးတဲ့ အသင်းဖြစ်ပြီး ဂျာမနီက ပေါ်တူဂီနဲ့ပွဲမှာ ကောင်းခဲ့သလောက် ဟန်ဂေရီနဲ့ပွဲမှာတော့ အသည်းအသန်ကစားခဲ့ရပြန်လို့ မှန်းဆရမလွယ်တဲ့ အနေအထားဖြစ်နေပါတယ်။ 


ယူရိုပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် နောက်ဆုံးနေ့ကတော့ အင်္ဂလန်နဲ့ဂျာမနီတွေ့ဆုံမှုကြောင့် စိတ်ဝင်စားဖို့ကောင်းနေဆဲပါ။ ကွာတားဖိုင်နယ်ကို အသင်းခြောက်သင်းရောက်ရှိသွားပြီဖြစ်ပြီး ထင်မှတ်မထားတဲ့ အသင်းတွေ ပါဝင်ခဲ့လို့ ဒီနေ့မှာလည်း ဘယ်လိုမျိုး ကမောက်ကမရလဒ်တွေဖြစ်လာမလဲဆိုတာကို အားလုံးကသိချင်နေကြပါတယ်။ အထူးသဖြင့် အင်္ဂလန်နဲ့ဂျာမနီတို့ရဲ့ အစဉ်အလာပြိုင်ဘက်ကြီးတွေ ပွဲရှိနေတာက ပိုပြီးတော့ တက်ကြွစရာကောင်းနေပါတယ်။ အင်္ဂလန်ကတော့ အကောင်းဆုံးပုံစံကိုမပြနို်င်သေးတဲ့ အသင်းဖြစ်ပြီး ဂျာမနီက ပေါ်တူဂီနဲ့ပွဲမှာ ကောင်းခဲ့သလောက် ဟန်ဂေရီနဲ့ပွဲမှာတော့ အသည်းအသန်ကစားခဲ့ရပြန်လို့ မှန်းဆရမလွယ်တဲ့ အနေအထားဖြစ်နေပါတယ်။ 

ထိပ်တိုက်တွေ့ဆုံမှု


ဒီနှစ်သင်းက သမိုင်းတစ်လျှောက်မှာ ၃၂ ကြိမ်အထိ ရင်ဆိုင်ဖူးပြီးတော့ ဂျာမနီက ၁၅ ပွဲအနိုင်ရပြီး အင်္ဂလန်က ၁၃ ပွဲအနိုင်ရကာ ၄ ပွဲပဲသရေကျခဲ့ပါတယ်။ ဒါကြောင့် သူတို့နှစ်သင်းကြား အရှုံး၊အနိုင်က ပြတ်ပြတ်သားသားဖြစ်လေ့ရှိတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၇ က ရင်ဆိုင်တွေ့ခဲတဲ့့ပွဲမှာ သူတို့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ သူတို့နှစ်သင်းစလုံးက အထင်သေးခံအသင်းတွေဖြစ်ပြီး သူတို့က ဒီလိုအဆင့်မျိုးမဟုတ်ဘူးဆိုတာကို သက်သေပြနိုင်ဖို့ ကြိုးစားရမှာပါ။ 

အင်္ဂလန်ယူရိုရလဒ်များ - နိုင်၊သရေ၊နိုင်

ဂျာမနီယူရိုရလဒ်များ - ရှုံး၊နိုင်၊သရေ


စိတ်ဝင်စားဖွယ်ကိန်းဂဏန်းများ


ဝင်ဘလေကွင်းမှာတော့ အင်္ဂလန်နဲ့ဂျာမနီတို့ရဲ့ ၁၂ပွဲမြောက်အဖြစ် ကစားမှာပါ။ ဂျာမနီဟာ အင်္ဂလန်ကို ဝင်ဘလေမှာ ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံးငါးပွဲစလုံး ရှုံးပွဲမရှိခဲ့ပေမယ့်လည်း ၁၉၆၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့မှုကတော့ အထင်ရှားဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ အင်္ဂလန်ဟာ ယူရိုရှုံးထွက်အဆင့်မှာ သာမာန်ပွဲကစားချိန်အတွင်း လုံးဝအနိုင်ရရှိဖူးခြင်းမရှိဘဲ ဒါက ဂျာမနီနဲ့ပွဲအတွက်တော့ ကျိန်စာဆိုးတစ်ခုလိုဖြစ်နေပါတယ်။ 


ရှုံးထွက်အဆင့်မှာ ပင်နယ်တီအဆုံးအဖြတ် ၄ ကြိမ်ခံယူခဲ့ရာမှာ ၃ ကြိမ်အထိ အရေးနိမ့်ဖူးပြီး ယူရို ၂၀၁၂ မှာ အီတလီကို ရှုံးနိမ့်ခဲ့မှုက အထင်ကရပွဲဖြစ်ခဲ့ပါတယ်။ 

ဂျာမနီကွင်းလယ်လူဂန်ဒိုဂန်ကတော့ ဝင်ဘလေမှာ ဒေါ့မွန်၊ မန်စီးတီးတို့ကို ကိုယ်စားပြုကစားပြီး ဂိုးသွင်းနိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ သူ့အနေနဲ့ ပါမာတီဆက်ကာပြီးရင် ကလပ်နဲ့နိုင်ငံအသင်းအတွက် ဝင်ဘလေမှာ ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက်ဂျာမနီသားဖြစ်လာမယ့် အခွင့်အရေးရှိနေပါတယ်။


ဂျာမနီအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ အဓိကပြိုင်ပွဲကြီးတွေရဲ့ ပွဲစဉ် ၈ ပွဲဆက်တိုက် ဂိုးပေးထားရပါတယ်။ အင်္ဂလန်ကတော့ ယူရိုနောက်ဆုံးခြောက်ပွဲမှာ ပေး၈ိုးမရှိခဲ့တာကြောင့် ပိုပြီးတော့ ယုံကြည်မှုမြင့်မားနေပါလိမ့်မယ်။ 



က္က