အင်္ဂလန်-ဂျာမနီပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းဟာ ကွာတားဖိုင်နယ်မှာ ဆွီဒင် ဒါမှမဟုတ် ယူကရိန်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ထပ်မံအနိုင်ရရှိခဲ့ပါက ချက် ဒါမှမဟုတ် ဒိန်းမတ်တို့နဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံမှာဖြစ်လို့ ပွဲစဉ်လမ်းကြောင်းချောင်နေတာဖြစ်ပါတယ်။


နာမည်ကျော်နည်းပြတစ်ဦးဖြစ်တဲ့ မော်ရင်ဟိုက ဒီနေ့ညမှာ အင်္ဂလန်အနေနဲ့ ဂျာမနီကို အနိုင်ရရှိခဲ့မယ်ဆိုရင် ယူရိုဗိုလ်လုပွဲအထိကို တက်ရောက်လိမ့်မယ်လီု့ ပြောဆိုလိုက်ပါတယ်။ ဒီပွဲဟာ သူ့အတွက်တော့ ၁၆ သင်းအဆင့်ပွဲစဉ်မဟုတ်ဘဲ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တယ်လို့လည်း မော်ရင်ဟိုက ပြောဆိုခဲ့ကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။ 

အင်္ဂလန်-ဂျာမနီပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းဟာ ကွာတားဖိုင်နယ်မှာ ဆွီဒင် ဒါမှမဟုတ် ယူကရိန်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ထပ်မံအနိုင်ရရှိခဲ့ပါက ချက် ဒါမှမဟုတ် ဒိန်းမတ်တို့နဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံမှာဖြစ်လို့ ပွဲစဉ်လမ်းကြောင်းချောင်နေတာဖြစ်ပါတယ်။ ဒီအပေါ်မှာ တွက်ချက်ပြီး မော်ရင်ဟိုက သုံးသပ်ခဲ့တာဖြစ်ပြီး အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့စရာမရှိတာကြောင့် ဗိုလ်လုပွဲခရီးလမ်းက ဖြောင့်ဖြူးနေတယ်လို့ ယူဆခဲ့တာဖြစ်ပါတယ်။ 


"ကျွန်တော်က အယူသည်းသူတော့မဟုတ်ဘူး၊ ပြီးတော့ သမိုင်းကြောင်းကိုလည်း ကြည့်တတ်သူမဟုတ်ပါဘူး၊ ဥပမာအနေနဲပ ကျွန်တော်က စိန့်ဂျိန်းစ်ပတ်ခ်မှာဆိိုရင် ဆိုးရွားတဲ့မှတ်တမ်းရှိခဲ့ပေမယ့် အဲဒီနေရာနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး၊ တနေ့ကျရင် အဲဒီကွင်းမှာ ကျွန်တော်အနိုင်ရမှာပါ၊ အင်္ဂလန်က ပင်နယ်တီမှာဆိုအမြဲတမ်းအရေးနိ်မ့်လေ့ရှိပါတယ်၊ ဒါတွေကိုပြောပြီး ဂျာမနီကိုကြောက်နေစရာလည်းမလိုပါဘူး"

"ဂျာမနီကစိတ်ဓာတ်ပိုင်းကောင်းမွန်ပြီးတော့ အခြားသူတွေထက်လည်း ပုံစံကောင်းရနေသူတွေရှိပါတယ်၊ အင်္ဂလန်က သုံးယောက်တန်းခံစစ်နဲ့ အစွန်ခံစစ်နှစ်ဦးကို ကြိမ်ဖန်များစွာအသုံးပြုခဲ့ပါတယ်၊ ဒီနည်းစနစ်ကို ကလပ်အသင်းတွေမှာလည်း သူတို့ကစားဖူးပါတယ်၊ ဂျာမနီမှာတော့ ဂိုဆန်နဲ့ ကင်မစ်ချ်တို့က အဓိကအကျဆုံးကစားသမားတွေပါ၊ သူတို့မှာ စူပါတိုက်စစ်မှူးမရှိပါဘူး၊ အင်္ဂလန်က ပိုတည်ငြိမ်မှုရှိနေပြီး ပေးဂိုးလည်းမရှိဘူး"

"ဂျာမနီကတော့ တည်ငြိမ်မှုကင်းမဲ့နေပေမယ့် စိတ်ဓာတ်ပိုင်းကတော့ တောင့်တင်းပါတယ်၊ ဒါပေမယ့် ဂျာမန်ပရိသတ်တွေမရှိဘူး၊ အဝေးကွင်းမှာကစားရတာတွေက သူတို့ဆီကအများကြီးမျှော်လင့်လို့မရပါဘူး၊ ကျွန်တော်ကတော့ အင်္ဂလန်ကိုပဲ အားပေးပါမယ်၊ ဒီပွဲကိုအနိုင်ရမယ်ဆိုရင် သူတို့က ဗိုလ်လုပွဲအထိကို ရောက်သွားမယ့်အသင်းပါ" လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။ 



က္က