ရဂိုးကတော့ ၄ ဂိုးတည်းသာ ရှိပါတယ်။

နာမည်ကြီးထမင်းငတ်လို့ ပရိသတ်တွေပြောဆိုသမုတ်လေ့ရှိတဲ့ အင်္ဂလန်ကတော့ အစဉ်အလာပြိုင်ဘက်ကြီးဂျာမနီကို အနိုင်ယူပြီး ယူရိုကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။ အုပ်စုတွင်းမှာ ရှုံးပွဲမရှိခဲ့တဲ့ အင်္ဂလန်ဟာ ဂျာမနီနဲ့ပွဲမှာ ခံစစ်ကစားသမား ၆ ဦးအထိ အသုံးပြုကာ ရင်ဆိုင်ခဲ့ပြီး ဂျိုအာချင်လိုရဲ့အသင်းသားတွေ ဘာမှမလုပ်နိုင်အောင် ထိန်းချုပ်ပြီး နိုင်ပွဲယူခဲ့ပါတယ်။

အင်္ဂလန်အတွက် စတာလင် နဲ့ ဟယ်ရီကိန်းတို့က ဂိုးတွေအသီးသီးသွင်းယူပေးကာ ၂-၀ နဲ့ အနိုင်ရခဲ့တာပါ။ စတာလင်အတွက်တော့ ယူရိုမှာ ၃ ဂိုးမြောက်ဖြစ်ပြီး အင်္ဂလန်ရခဲ့တဲ့ ၄ ဂိုးမှာ သူက အများဆုံးသွင်းယူထားတာပါ။ ဟယ်ရီကိန်းကတော့ ယူရိုမှာ စျေးဦးပေါက်သွင်းဂိုးကို ဂျာမနီနဲ့ပွဲမှာမှ ရရှိခဲ့ပြီးတော့ ဆောက်ဂိတ်ဟာ သူ့အပေါ်အထင်အမြင်သေးနေမှုတွေကို ချေဖျက်ပြနိုင်ခဲ့ပါတယ်။

ပရိသတ်တွေအကြိုက်တွေ့သလောက် ဘာမှမလုပ်ပြနိုင်တဲ့ အင်္ဂလန်ဟာ ကွာတားအဆင့်ကို တက်ရောက်ခဲ့တဲ့ အသင်း ၈ သင်းထဲမှာ ပေးဂိုးမရှိတဲ့ တစ်ခုတည်းသောအသင်းလည်းဖြစ်ပါတယ်။ အုပ်စုအဆင့်မှာ ခရိုအေးရှား၊ စကော့တလန်၊ ချက်တို့နဲ့ ရင်ဆိုင်ခဲ့ရပြီး ပေးဂိုးမရှိခဲ့သလို ဂျာမနီကိုလည်း ပေးဂိုးမရှိအောင်ကစားပြခဲ့ပြီး တောင့်တင်းတဲ့ခံစစ်ကြောင်းကို ပြသပြီး သူတို့ကို ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ဘူးလို့ ကြွေးကြော်နေနိုင်ပြီဖြစ်ပါတယ်။ 

ဒီမှတ်တမ်းဟာ ခံစစ်ပိုင်းကောင်းမွန်ပါတယ်ဆိုတဲ့ အီတလီထက်တောင်မှ သူတို့စွမ်းဆောင်ရည်က ပိုမြင့်မားနေတာကိုလည်း ထင်ရှားစေခဲ့ပါတယ်။ အီတလီကတော့ သြစတြီးယားနဲ့ပွဲမှာ တစ်ဂိုးပြန်ပေးခဲ့ရပြီး အချိန်ပိုထိတောင်ကစားခဲ့ရတာပါ။ ယူရိုအတွက် အင်္ဂလန်အသင်းလူစာရင်းကို ဆောက်ဂိတ်ရွေးချယ်စဉ်မှာ ညာနောက်ခံလူ ၄ ဦးအထိပါဝင်ခဲ့လို့ ဝေဖန်ခဲ့ကြသူတွေလည်း အခုအခါမှာတော့ ပါးစပ်ပိတ်ခဲ့ရပြီဖြစ်ပါတယ်။ 

၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အထိရောက်ရှိခဲ့တဲ့ အင်္ဂလန်ဟာ ကွာတားမှာ ယူကရိန်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တကယ်လို့အနိုင်ရခဲ့မယ်ဆိုရင် ဆီမီးဖိုင်မှာ ချက်-ဒိန်းမတ် အနိုင်ရအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဘယ်လ်ဂျီယံ၊ အီတလီတို့လို အသင်းကြီးတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုအခါမှာတော့ ဗိုလ်လုပွဲအထိတက်ရောက်နိုင်မယ်လို့လည်း ရေပန်းစားလာခဲ့ပြီဖြစ်ပါတယ်။ 



က္က