ပြင်သစ်ရှုံးရတာ အဆိုပါကစားသမားတွေကြောင့်လို့ ပြစ်တင်ခဲ့တာပါ။

ကွင်းအတွင်းမှာတော့ စိတ်ဓာတ်ကျနေတဲ့ ဘတ်ပီကို ရာဘီယော့ကို နှစ်သိမ့်မှုတွေပြုလုပ်ပေးခဲ့ပြီး စင်ပေါ်မှာတော့ မိခင်က သောင်းကျန်းနေခဲ့တာဖြစ်ပါတယ်။ 


ပြင်သစ်က ဆွစ်ဇာလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြင်သစ်ကွင်းလယ်လူရာဘီယော့ရဲ့ မိခင်ဟာ ပင်နယ်တီလွဲချော်ခဲ့တဲ့ တိုက်စစ်မှူးဘတ်ပီရဲ့ မိသားစုကို ပြစ်တင်ပြောဆိုမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ Daily Record ရဲ့ ဖော်ပြချက်အရဆိုရင် ရာဘီယော့ရဲ့ မိခင်က ဘတ်ပီကိုမာန်မာနမထောင်လွှားဖို့ ဖခင်ဖြစ်သူကို သွားရောက်ပြောဆိုခဲ့ကြောင်း ဆိုပါတယ်။ 

ဘတ်ပီဟာ အဆိုပါပွဲမှာ အဆုံးအဖြတ်ပင်နယ်တီသွင်းဂိုးကို လွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီအတွက် ပြင်သစ်တို့ ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီး ရာဘီယော့မိခင်က ဒေါသထွက်ကာ သွားရောက်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းအတွင်းမှာတော့ စိတ်ဓာတ်ကျနေတဲ့ ဘတ်ပီကို ရာဘီယော့ကို နှစ်သိမ့်မှုတွေပြုလုပ်ပေးခဲ့ပြီး စင်ပေါ်မှာတော့ မိခင်က သောင်းကျန်းနေခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် သူမဟာ ပေါ့ဂ်ဘာရဲ့မိသားစုဝင်တွေကိုလည်း သွားရောက်ရန်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆွစ်ဇာလန်တို့ရရှိခဲ့တဲ့ နောက်ဆုံးချေပဂိုးဟာ ပေါ့ဂ်ဘာရဲ့ ဘောလုံးပျက်မှုကနေ ပေးလိုက်ရတာဖြစ်တယ်လို့ သူမက အပြစ်တင်ပြောဆိုခဲ့ပါတယ်။ ဒီအခါမှာ ပေါ့ဂ်ဘာရဲ့မိသားစုဝင်တွေကလည်း ရာဘီယော့ရဲ့အမှားအယွင်းတွေကို ပြန်လည်ပြောဆိုမှုတွေရှိခဲ့လို့ နှစ်ဦးနှစ်ဖက်ကြားစကားများခဲ့ပြီး ကွင်းလုံခြုံရေးတွေက ရန်မဖြစ်ဖို့ မေတ္တာရပ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဘတ်ပီဟာ ပြင်သစ်အတွက် ယူရိုမှာ တစ်ဂိုးမှမသွင်းယူနိုင်ခဲ့ဘဲ ဆွစ်ဇာလန်နဲ့ပွဲမှာ အပိုင်အခွင့်အရေးတွေကိုလည်း ဖြုန်းတီးခဲ့သူဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ အကျော်ကြားဆုံးဖြစ်လာမယ့်သူတစ်ဦးလို့ သတ်မှတ်ခံထားရသူဖြစ်ပြီး ပင်နယ်တီလွဲချော်ခဲ့ချိန်မှာတော့ ရာဘီယော့ရဲ့မိခင်က မာန်မာနမတက်ဖို့အတွက် ဆုံးမထားဖို့ သူ့ရဲ့ဖခင်ကို သွားရောက်ပြောဆိုခဲ့တာလို့လည်း RMC Sports က ဖော်ပြခဲ့ပါတယ်။ 



က္က