မကြာခင်ရက်ပိုင်းအတွင်း ရော်နယ်ဒို ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ ရှိနေပါတယ်။

၃၆နှစ်သားရဲ့ တူရင် ခရီးစဥ်ဟာ မကြာခင်မှာ ပြီးဆုံးတော့မှာလား ကမ္ဘာပတ် ခြေစွမ်းပြနေသူအဖို့ နောက်ထပ် နယ်မြေသစ်တစ်ခုကို ရှာဖွေအုံးမှာလား စတဲ့ စိတ်ဝင်စားမှုတွေကတော့ မြင့်တက်နေဆဲပါ။

ဂျူဗင်တပ်အသင်းကနေ ရော်နယ်ဒို ထွက်ခွာတော့မယ်လို့ အမျိုးမျိုးသော သတင်းတွေ ထွက်ပေါ်နေချိန်မှာတော့ ဒီသတင်းတွေကို ဂျူဗင်တပ်အသင်းရဲ့ အားကစား ဒါရိုက်တာက နှုတ်ဆိတ်စေခဲ့ပါတယ်။



Daily Mailမှာ ဖော်ပြလာချက်အရ ရော်နယ်ဒိုဟာ အသင်းက ထွက်ခွာမယ်ဆိုတဲ့ စကား တစ်လုံးတစ်လေတောင် ထုတ်ပြောလာခြင်း မရှိသေးပါဘူးလို့ အားကစားဒါရိုက်တာ ချီရူဘီနီက ပြောလာပါတယ်။

လက်ရှိမှာလည်း ယူရိုအပြီး အားလပ်ရက်ကုန်သွားရင် ရော်နယ်ဒိုအနေနဲ့ တူရင်ကို ပြန်လာမှာဖြစ်တယ်လို့လည်း ထပ်လောင်း ပြောခဲ့ပါသေးတယ်။

“ရော်နယ်ဒိုဆီက ဘယ်လို အရိပ်အယောက်မျှ မပြလာသေးပါဘူး၊အထူးသဖြင့် ကောလဟာလတွေက အပြောင်း အရွှေ့ကို ဖြစ်စေပါတယ်။ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျူဗင်တပ်အသင်းက ဘာမှ မဖြစ်ပါဘူး။”လို့ ချီရူဘီနီက ဆိုပါတယ်။

ရော်နယ်ဒိုဟာ အသင်းနှင့်အတူ ချုပ်ဆိုထားတဲ့ စာချုပ်အရ တစ်နှစ်ကျန်ပါသေးတယ်၊ဒီအခြေအနေမှာ ရော်နယ်ဒို ကို အသင်းဟောင်း ယူနိုက်တက်အပါအဝင် နာမည်ကြီး ပီအက်စ်ဂျီတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာနေပါပြီ။

“မနှစ်က ရာသီမှာ သူ ၄၄ပွဲကစားပြီး ၃၆ဂိုးထိသွင်းနိုင်ခဲ့ပါတယ်။အရေအတွက်တွေက အမြဲတမ်းအတွက် အရာ အားလုံး မဟုတ်နိုင်ပေမယ့် အမှန်တရားတွေကိုတော့ ဖုံးကွယ်နေဆဲပါပဲ။ရော်နယ်ဒိုအသင်းနှင့် ပူးပေါင်းတဲ့ အတွက်ရော အခုချိန်မှာ အားလပ်ရက်ပြီးလို့ ပြန်လာတော့မယ်ဆိုတဲ့ အတွက်ပါ အရမ်းဝမ်းသာမိပါတယ်။”လို့ ချီရူဘီနီက ဆက်လက်ဆိုပါတယ်။

အီတလီ သတင်းဌာန တစ်ခုဖြစ်တဲ့ Tuttosportကတော့ မကြာခင် ရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်ချက် တစ်ခုခုကို ရော်နယ်ဒို ချမှတ်လိမ့်မယ်လို့ ထုတ်ပြန်ရေးသားထားပါသေးတယ်။



က္က