အသင်းခေါင်းဆောင်ရှာခါက ပွဲပယ်ခံထားရပါတယ်။

တူရကီနဲ့ပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းယူပြိးတော့ ၁၆ သင်းအဆင့်ကို ပို့ဆောင်ပေးခဲ့တဲ့ ရှာကွီရီဟာ ပြင်သစ်နဲ့ပွဲမှာတော့ ခြေစွမ်းမပြနိုင်ခဲ့လို့ လူစားလဲလှယ်ခဲ့ရပါတယ်။


စပိန်နဲ့ ကစားရမယ့် ယူရိုကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်ရှာခါပွဲပယ်ခံထားရတာကြောင့် လီဗာပူးလ်တောင်ပံကစားသမားရှာကွီရီက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူလာမှာဖြစ်ပါတယ်။ တူရကီနဲ့ပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းယူပြိးတော့ ၁၆ သင်းအဆင့်ကို ပို့ဆောင်ပေးခဲ့တဲ့ ရှာကွီရီဟာ ပြင်သစ်နဲ့ပွဲမှာတော့ ခြေစွမ်းမပြနိုင်ခဲ့လို့ လူစားလဲလှယ်ခဲ့ရပါတယ်။

သူ့ကိုလူစားလဲလှယ်ခဲ့ပြီးနောက်မှာ ဆွစ်ဇာလန်က ချေပဂိုး ၂ ဂိုးကို အံ့အားသင့်ဖွယ်ရာသွင်းယူနိုင်ခဲ့ရုံသာမက ပင်နယ်တီအဆုံးအဖြတ်မှာပါ ပြင်သစ်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ဒီလိုခြေစွမ်းအတက်အကျမမှန်တဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိနေခဲ့ပေမယ့်လည်း စိန့်ပီတာစဘတ်မှာကစားမယ့် ပွဲအတွက်တော့ ပိုမိုကောင်းမွန်အောင် ကိုယ့်ကိုကိုယ်တွန်းအားပေးတယ်လို့ ရှာကွီရီက ဆိုပါတယ်။ 

"ပြင်သစ်နဲ့ပွဲက ကျနော့်အတွက် မလွယ်ကူခဲ့ပါဘူး၊ ကျွန်တော်ခံစစ်ကိုလည်း အများကြီးဆင်းကူခဲ့ရပြီးတော့ ဒါက အသင်းအတွက် အရေးကြီးခဲ့ပါတယ်၊ အသင်းအတွက် ကျွန်တော်အားလုံးပေးဆပ်ကစားခဲ့တာပါ၊ ဒါပေမယ့် ကျွန်တော်ဂိုးမသွင်းနိုင်တာ၊ ဒါမှမဟုတ် မဖန်တီးပေးနိုင်လို့ ဆိုးရွားတဲ့ ပွဲတော့မဟုတ်ခဲ့ပါဘူး၊ အသင်းရဲ့စွမ်းဆောင်ရည်အတွက် ကျွန်တော်ဂုဏ်ယူပါတယ်၊ ကျွန်တော့်စွမ်းဆောင်ရည်အတွက်လည်း ဂုဏ်ယူပါတယ်" လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ရှာကွီရီက ပြောဆိုခဲ့ပါတယ်။ 

ဆွစ်ဇာလန်နည်းပြ ဗလာဒီမာပက်ကိုဗစ်ကလည်း "ကျွန်တော်တို့ နောက်ထပ်ဆာလောင်မွတ်သိပ်မှုကို ပြသဖို့လိုပါတယ်၊ ဗိုလ်စွဲဖို့ရေပန်းစားတဲ့ နောက်ထပ်တသင်းနဲ့ ကျွန်တော်တို့ရင်ဆိုင်ရမှာပါ၊ ဒါပေမယ် နောက်တဆင့်ကိုတက်ရောက်နိုင်ဖို့ ရုရှားကို ကျွန်တော်တို့ ရောက်ရှိနေပါပြီ" လို့ ပြောဆိုခဲ့ပါတယ်။ ဆွစ်ဇာလန်အနေနဲ့ ပြင်သစ်နဲ့ပွဲမှာ လုပ်ပြခဲ့သလိုမျိုး ထပ်မံစွမ်းဆောင်ပြဦးမလားဆိုတာကတော့..။ 



က္က