ချက်တိုက်စစ်မှူးဟာ ရွှေဖိနပ်ဆုအတွက် ရော်နယ်ဒိုကို အဓိကစိန်ခေါ်နေသူဖြစ်နေလို့ပါပဲ။

ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုက ၅ ဂိုးသွင်းယူကာ ထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပေမယ့် ၁၆ သင်းအဆင့်ကနေပဲ အိမ်ပြန်ခဲ့ရပြီဖြစ်ပါတယ်။ ဒီအတွက် ပက်ထရစ်ရှစ်သာ ဂိုးသွင်းပြိးလိုက်မီခဲ့မယ်ဆိုရင် ရွှေဖိနပ်ဆုအတွက် တိုက်ပွဲက ပိုပြီးပြင်းထန်လာမှာမို့ပါ။


ဒီနေ့ညကစားမယ့် ချက်နဲ့ ဒိန်းမတ်တို့ရဲ့ ပွဲမှာတော့ ပရိသတ်တွေကို တော်တော်လေးစိတ်ဝင်စားစေမယ့် အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ချက်တိုက်စစ်မှူးပက်ထရစ်ရှစ်တစ်ယောက် ဂိုးသွင်းနိုင်မလားဆိုတာပါပဲ။ လက်ရှိမှာ ယူရိုသွင်းဂိုး ၄ ဂိုးအထိ ရရှိထားတဲ့ ချက်တိုက်စစ်မှူးဟာ ရွှေဖိနပ်ဆုအတွက် ရော်နယ်ဒိုကို အဓိကစိန်ခေါ်နေသူဖြစ်နေလို့ပါပဲ။

ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုက ၅ ဂိုးသွင်းယူကာ ထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပေမယ့် ၁၆ သင်းအဆင့်ကနေပဲ အိမ်ပြန်ခဲ့ရပြီဖြစ်ပါတယ်။ ဒီအတွက် ပက်ထရစ်ရှစ်သာ ဂိုးသွင်းပြိးလိုက်မီခဲ့မယ်ဆိုရင် ရွှေဖိနပ်ဆုအတွက် တိုက်ပွဲက ပိုပြီးပြင်းထန်လာမှာမို့ပါ။ အခြားသော လေးဂိုးသွင်းယူထားတဲ့ လူကာကူ၊ ဘန်ဇီမာ၊ ဖော့ဘာ့ဂျ်တို့ကလည်း ပြိုင်ပွဲကနေ အသင်းကိုယ်စီနဲ့ ထွက်သွားခဲ့ပြီဖြစ်တာမို့ ရှရစ်တစ်ဦးတည်းသာ အခွင့်အရေးကျန်နေတာဖြစ်ပါတယ်။ 

အင်္ဂလန်အတွက် စတာလင်က ၃ ဂိုးသွင်းယူကာ ခြေစွမ်းပြနေပေမယ့် သူ့အနေနဲ့ အနည်းဆုံး ၂ ဂိုးအထိ သွင်းယူရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ရှရစ်ကိုပဲ အားလုံးက အာရုံစိုက်ပြီး ယူရိုပြိုင်ပွဲရဲ့ အလှပဆုံးသွင်းဂိုးတစ်ဂိုးကို သွင်းယူထားသလို ပွဲတိုင်းမှာ ခြေစွမ်းပြနေတဲ့ ချက်တိုက်စစ်မှူးအတွက် အနည်းနဲ့အများဆိုသလို ဖိအားတွေကတော့ ရှိနေမှာပါပဲ။ အသင်းက နောက်တဆင့်ကိုတက်ရောက်နိုင်ဖို့၊ သူကိုယ်တိုင်လည်း ရော်နယ်ဒိုကို အမီလိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီညပွဲကို ကစားရမှာပါ။ 

ရှရစ်ဟာ ချက်နာမည်ကျော်တိုက်စစ်မှူးဟောင်းမီလန်ဘားရို့စ်ရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီဖို့လည်း တစ်ဂိုးသာလိုအပ်တော့တာဖြစ်ပါတယ်။ ယူရို ၂၀၀၄ ပြိုင်ပွဲတုန်းက ဘားရို့စ်က ငါးဂိုးသွင်းပြီး ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရှရစ်ကတော့ "ဒါက ကျွန်တော့်အတွက် အဓိကမကျပါဘူး၊ အဓိကကတော့

အသင်းအောင်မြင်ဖို့ပါပဲ" လို့ ပွဲမတိုင်ခင်ပြောဆိုထားကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

"ကျွန်တော့်ရည်မှန်းချက်က ရွှေဖိနပ်ဆုမဟုတ်ပါဘူး၊ ဒါပေမယ့် အသင်းကို အတတ်နိုင်ဆုံးကူညီပေးသွားမှာပါ၊ ဂိုးတွေဘယ်လောက်သွင်းနိုင်မလဲဆိုတာ ကျွန်တော်စိတ်မဝင်စားဘူး" လို့လည်း သူက ဆိုပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ ရော်နယ်ဒိုလိုကစားသမားကို အသာစီးရယူဖို့ အခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်တာကြောင့် ဒီနေ့ညမှာ ဘာလုပ်ပြနိုင်မလဲဆိုတာကတော့..။ 



က္က