ခြေစွမ်းညီမျှနေတဲ့အသင်းတွေဖြစ်လို့ အကြိတ်အနယ်ရှိနေမှာပါ။

ထင်မှတ်မထားဘဲ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ အသင်းနှစ်သင်းထိပ်တိုက်တွေ့ကြပါပြီ။ မာကျောတဲ့ခြေစွမ်း၊ ပြင်းပြတဲ့စိတ်ဓာတ်တွေကို ပရိသတ်တွေသဘောကျအောင် ပြသနိုင်ခဲ့တာချင်းလည်း တူညီနေပါတယ်။ ဒိန်းမတ်က အုပ်စုအဖွင့်ပွဲတွေမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် နောက်ဆုံးပွဲတွေမှာတော့ နောက်တဆင့်တက်ဖို့ လိုအပ်တဲ့ နိုင်ပွဲတွေ ရရှိခဲ့ပါတယ်။ ခရိုအေးရှား၊ စကော့တလန်တို့နဲ့ပွဲတွေမှာ ချက်ခြေစွမ်းပြခဲ့သလို ဟော်လန်လိုအသင်းကိုလည်း ၁၆ သင်းအဆင့်မှာ နောက်ကောက်ချခဲ့ပါတယ်။


ဒိန်းမတ်ကလည်း အဲရစ်ဆန်ရဲ့ အဖြစ်အပျက်နဲ့အတူ ၂ပွဲဆက်တိုက်ရှုံးခဲ့ပေမယ့် နောက်ဆုံးပွဲမှာ ရုရှားကို ဂိုးပြတ်သွင်းနိုင်ခဲ့လို့ ၁၆ သင်းအဆင့်ကို ရောက်ခဲ့ပြီး ဝေးလ်ကိုပါ ထပ်မံအနိုင်ယူခဲ့တာပါ။ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာပြင်းပြမှုကတော့ တော်တော်လေးကို အားကောင်းနေတာ အမှန်ပါပဲ။

ထိပ်တိုက်တွေ့ဆုံမှု


သူတို့နှစ်သင်းဟာ စုစုပေါင်း ၁၁ ကြိမ်တွေ့ဆုံခဲ့ကြပြီးတော့ ဒိန်းမတ်က နှစ်ပွဲတည်းသာအနိုင်ရရှိခဲ့ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရ ချက်က အပြတ်အသတ်သာလွန်နေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီမှတ်တမ်းတွေက အသုံးမဝင်ဘူးဆိုတာကို ရှေ့ပွဲတွေက ပြသခဲ့ပြီးပါပြီ။ ၂၀၁၆ မှာ တွေ့ဆုံခဲ့တုန်းက ၁-၁ နဲ့ ပွဲပြီးခဲ့ပြီး အခုဆိုရင် တိုးတက်လာတဲ့ခြေစွမ်းတွေကြောင့် ပိုပြီးတော့ အကြိတ်အနယ်ရှိလာဦးမှာပါ။


ချက်ယူရိုရလဒ်များ - နိုင်၊သရေ၊ရှုံး၊ နိုင်

ဒိန်းမတ်ယူရိုရလဒ်များ - ရှုံး၊ ရှုံ၊ နိုင်၊ နိုင်


စိတ်ဝင်စားဖွယ်ကိန်းဂဏန်းများ

ဒိန်းမတ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၂၆ ဂိုးအထိ ရရှိထားခဲ့ပါတယ်။ ဒေါလ်ဘာ့ဂျ် နဲ့ မဲချ်လီတို့က တော်တော်လေးခြေစွမ်းပြနေပြီးတော့ ဝေးလ်နဲ့ပွဲမှာ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ရုရှားနဲ့ ဝေးလ်ပွဲတွေမှာ ဒိန်းမတ်တိုက်စစ်ဟာ ကြောက်မက်ဖွယ်ကောင်းအောင် ထက်မြက်ခဲ့ပြီး ယူရိုမှာ နှစ်ပွဲဆက်တိုက် ၄ ဂိုးသွင်းနိုင်ခဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒိန်းမတ်ဟာ ၂၀၀၄ နောက်ပိုင်း အဓိကပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ်မတက်ရောက်နိုင်ခဲ့ဘဲ ဒီတစ်ကြိမ်တော့ အခွင့်အရေးပြန်ရှိလာပါပြီ။ 

ချက်ကတော့ ထင်မှတ်မထားတဲ့ ခြေစွမ်းတွေနဲ့အတူ ရှေ့ဆက်ခဲ့တာပါ။ ဒိန်းမတ်နဲ့ရင်ဆိုင်ခဲ့ဖူးတဲ့ ယူရိုနှစ်ပွဲစလုံးအနိုင်ရရှိခဲ့ဖူးပြီး ၅ ဂိုးသွင်းကာ ပေးဂိုးလုံးဝမရှိခဲ့ပါဘူး။ တိုက်စစ်မှူးရှစ်ကတော့ စကော့တလန်နဲ့ပွဲမှာ ယူရို ၂၀၂၀ ရဲ့ အကောင်းဆုံးဂိုး၊ အဝေးကွာဆုံးနေရာကနေ သွင်းယူနို်င်တဲ့ ဂိုးကို ရယူပြခဲ့ပါတယ်။ ၁၉၈၀ နောက်ပိုင်းမှာ ယူရိုမှာ အဝေးဆုံးအကွာအဝေးကနေ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်ခဲ့တာပါ။ 


သူက အသင်းအတွက် ၄ ဂိုးသွင်းထားပြီး ရွှေဖိနပ်ဆုအတွက် ရော်နယ်ဒိုကို တစ်ဂိုးအကွာနဲ့ ဖိအားပေးနေသူဖြစ်ပါတယ်။ ရော်နယ်ဒိုက ပွဲကစားဖို့မရှိတော့တာမို့ သူအမီလိုက်နိုင်ခဲ့မယ်ဆိုရင် ရွှေဖိနပ်ဆုအတွက် မျှော်လင့်ချက်ရှိလာမှာပါ။ 



က္က