ချက်နဲ့ ကွာတားပွဲအဖြစ် ကစားရမှာပါ။

အုပ်စုအဖွင့်ပွဲမှာ အဲရစ်ဆန်က နှလုံးရောဂါကြောင့် ကွင်းအတွင်းလဲကျခဲ့ရပြီး အသင်းဖော်တွေအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်ခဲ့ရပါတယ်။


ချက်နဲ့ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒိန်းမတ်နည်းပြဟဂျူးမန်းက သူတို့အားလုံးရဲ့ ရင်ထဲမှာ အဲရစ်ဆန်အတွက်ကစားပေးဖို့ မှတ်ယူထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီနေ့ညမှာ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲဖြစ်ပြီး ဒိန်းမတ်အနေနဲ့ ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲကလို ပုံစံမျိုးကို ကစားပြဦးမလားဆိုတာ အားလုံးကစိတ်ဝင်စားနေကြပါတယ်။ 

အုပ်စုအဖွင့်ပွဲမှာ အဲရစ်ဆန်က နှလုံးရောဂါကြောင့် ကွင်းအတွင်းလဲကျခဲ့ရပြီး အသင်းဖော်တွေအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်ခဲ့ရပါတယ်။ ဒိန်းမတ်ကလည်း ၂ပွဲဆက်တိုက်ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာရမလိုဖြစ်ခဲ့ရာကနေ နောက်ဆုံးပွဲမှာ ရုရှားကို ဂိုးပြတ်အနိုင်ရခဲ့လို့ နောက်တဆင့်တက်ခဲ့ပြီး ဝေးလ်ကို အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ 


နည်းပြဟဂျူးမန်းက "တခြားအသင်းတွေနဲ့ ကျွန်တော်နှိုင်းယှဉ်ပြီးတော့ မပြောတတ်ပါဘူး၊ ကျွန်တော်တို့ လွတ်လွတ်လပ်လပ်ပဲ ကစားသွားပါမယ်၊ ဒါပေမယ့် ကျွန်တော်ပြောချင်တာက အကြောက်တရားမရှိဘဲ ကစားသွားမယ်ဆိုတာပါ၊ အဲဒါက အရေးကြီးဆုံးလည်းဖြစ်ပါတယ်၊ ယော်ဟန်ခရိုက်က ကျွန်တော်တို့အတွက် စိတ်ခွန်အားပါပဲ၊ ဘောလုံးကို အကြောက်တရားမရှိဘဲ ကစားရမယ်လို့ သူပြောခဲ့တာပါ"

"ကျွန်တော်တို့ ရှေ့ဆက်နိုင်ဖို့အတွက် ကစားသွားမှာပါ၊ ဒိန်းမတ်ပရိသတ်တွေအတွက် အရာအားလုံးပေးဆပ်ကစားသွားမယ်၊ ပြီးတော့ အဲရစ်ဆန်အတွက် နှလုံးသွင်းပြီးတော့ ကျွန်တော်တို့ကစားသွားမှာပါ၊ သူက ကျွန်တော်တို့အသင်းနှလုံးသားထဲမှာ ရှိနေတုန်းပါ၊ သူ့အတွက် အကြောက်တရားမရှိဘဲကစားသွားမယ်၊ ဒီပွဲအတွက် အရာအားလုံးကို ပေးဆပ်ကစားသွားပါမယ်" လို့ ပြောဆိုခဲ့ပါတယ်။ 



က္က