အသင်း ၁၀ ဂိုးရရှိထားရာမှာ ၈ ဂိုးအထိ တိုက်ရိုက်ပါဝင်ထားပါတယ်။

အာဂျင်တီးနားအသင်းရရှိထားတဲ့ သွင်းဂိုး ၁၀ ဂိုးမှာလည်း မက်ဆီက ၈ ဂိုးအထိ ပါဝင်ပတ်သက်ထားကာ သူ့ရဲ့အကောင်းဆုံးပုံစံကို လက်ရွေးစင်အသင်းမှာ ပြသနေပြီး ဆုဖလားရယူနိုင်ဖို့အတွက် ပိုမိုမျှော်လင့်နေပြီလည်းဖြစ်ပါတယ်။


ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားက အီကွေဒေါကို ၃-၀ နဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။ ဒီပွဲမှာတော့ မက်ဆီက အသင်းရရှိတဲ့ သွင်းဂိုးအားလုံးမှာ ပါဝင်ပတ်သက်ခဲ့ပြီး ကိုယ်တိုင်တစ်ဂိုးသွင်းကာ နှစ်ကြိမ်ဖန်တီးပေးပြီး ခြေစွမ်းပြခဲ့တာလည်းဖြစ်ပါတယ်။ 

Photo : Sportskeeda

မက်ဆီဟာ လက်ရှိမှာတော့ ကိုပါအမေရိကသွင်းဂိုး ၄ ဂိုးအထိ ရရှိထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းရရှိထားတဲ့ သွင်းဂိုး ၁၀ ဂိုးမှာလည်း မက်ဆီက ၈ ဂိုးအထိ ပါဝင်ပတ်သက်ထားကာ သူ့ရဲ့အကောင်းဆုံးပုံစံကို လက်ရွေးစင်အသင်းမှာ ပြသနေပြီး ဆုဖလားရယူနိုင်ဖို့အတွက် ပိုမိုမျှော်လင့်နေပြီလည်းဖြစ်ပါတယ်။

Photo : Argentina Twitter

အာဂျင်တီးနားနဲ့အတူ အဓိကဆုဖလားတွေကို ရယူထားနိုင်ခြင်းမရှိတဲ့ မက်ဆီက အခုနှစ်မှာ ကျင်းပတဲ့ ကိုပါအမေရိကဖလားကို အရယူဖို့အတွက် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ လက်ရွေးစင်အသင်းမှာ အောင်မြင်မှုမရရှိလို့ ဝေဖန်မှုတွေခံနေရတာကို ချေဖျက်နိုင်ဖို့အတွက် မက်ဆီက အားထုတ်နေတာလည်းဖြစ်ပြီး ဒီနေ့ပွဲမှာလည်း အလွတ်တည်ကန်ဘောကနေ လှလှပပ ဂိုးသွင်းပြခဲ့ပါတယ်။


ပွဲချိန်နောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကို မက်ဆီကန်သွင်းဖို့ ကြိုးစားချိန်မှာ အီကွေဒေါကစားသမား ၁၀ ဦးစလုံးဟာ ဧရိယာအတွင်းမှာ ဝင်ရောက်ပိတ်ဆို့ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မက်ဆီက ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို လှလှပပကန်သွင်းယူပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ကာ သူ့ဆီကနေ နောက်ထပ် master class သွင်းဂိုးတစ်ဂိုးကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ 


က္က