ဝေဖန်မှုတွေကို ချေဖျက်ပြီး ခြေစွမ်းပြခဲ့တာပါ။

ယူနိုက်တက်နောက်ခံလူဟာ မက်ဂွိုင်းယားနဲ့ ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးခဲ့တာဖြစ်ပြီး ယူရိုပြိုင်ပွဲမှာ စုစုပေါင်း ၃ ကြိမ်အထိ ဖန်တီးပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 


အင်္ဂလန်က ယူကရိန်းကို ဂိုးပြတ်အနိုင်ရရှိခဲဲ့တဲ့ပွဲမှာ ခြေစွမ်းပြကစားပေးခဲ့ပြီး နှစ်ကြိမ်အထိဖန်တီးပေးနိုင်ခဲ့တဲ့နောက် လုခ်ရှောကို ချီးကျူးပြောဆိုမှုတွေ အများအပြားရှိလာခဲ့ပါတယ်။ ယူနိုက်တက်နောက်ခံလူဟာ မက်ဂွိုင်းယားနဲ့ ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးခဲ့တာဖြစ်ပြီး ယူရိုပြိုင်ပွဲမှာ စုစုပေါင်း ၃ ကြိမ်အထိ ဖန်တီးပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Photo : New Demo

ယူရိုပြိုင်ပွဲသမိုင်းမှာ အင်္ဂလန်အတွက် ဂိုးအများဆုံးဖန်တီးပေးထားသူက နာမည်ကျော်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းဖြစ်ပြီး လုခ်ရှောက အဆိုပါစံချိန်ကို လိုက်မီဖို့အတွက် ၂ ကြိမ်သာလိုအပ်တော့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအင်္ဂလန်အသင်းသားတွေထဲမှာလည်း ဂိုးရနိုင်တဲ့ အခွင့်အလမ်းဖန်တီးမှုပေါင်း ၅ ကြိမ်နဲ့ အများဆုံးပြုလုပ်ထားတဲ့ ကစားသမားအဖြစ် လုခ်ရှောက ရပ်တည်နေတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ 

Photo : Eurosport

လုခ်ရှောဟာ ယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟိုရဲ့ ဝေဖန်မှုတွေကို တောက်လျှောက်ဆိုသလို ခံနေရခဲ့သူလည်းဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲကျင်းပနေစဉ်အတွင်း ဘင်ချီဝဲလ်က လုခ်ရှောထက် ပိုမိုကောင်းတယ်လို့ မော်ရင်ဟိုက ပြောဆိုခဲ့သလို သူ့ကစားပုံကိုလည်း အားနည်းချက်တွေရှိတယ်လို့ ပေါ်တူဂီသားနည်းပြက အစဉ်တစိုက်ဝေဖန်နေခဲ့တာဖြစ်ပါတယ်။

Photo : The Indian Paper

ယူကရိန်းနဲ့ပွဲအပြီးမှာတော့ အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ လုခ်ရှောက "သူက Talksport အတွက် အလုပ်လုပ်နေတာပါ၊ ဒီအတွက် သူ့အလုပ်ကိုသူလုပ်နေတာဖြစ်ပြီး သူ့အမြင်နဲ့သူရှိသလို လွတ်လွတ်လပ်လပ်ပြောခွင့်လည်း ရှိပါတယ်၊ ကျွန်တော်ကတော့ အားလုံးကိုလျစ်လျူရှုထားပြီး အသင်းကို ကူညီပေးဖို့ကိုပဲ အဓိကထားပါတယ်" လို့ ပြန်လည်ပြောကြားပြီး တုံ့ပြန်ခဲ့ပါတယ်။


ဒါပေမယ့် မနေ့ကပွဲအပြီးမှာတော့ မော်ရင်ဟိုက လုခ်ရှောရဲ့ ကစားပုံကို အသိအမှတ်ပြုကာ ချီးကျူးခဲ့ပါတယ်။ ဒီအပေါ်မှာလည်း လုခ်ရှောက ဘယ်လိုမှခံစားရဟန်မရှိပုံကိုသာ ပြသခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာတော့ မော်ရင်ဟိုတစ်ယောက် လုခ်ရှောကို ဝေဖန်ဖို့ မဝံ့မရဲဖြစ်နေမှာကတော့ သေချာနေပြီဖြစ်ပါတယ်။ 



က္က