ရော်နယ်ဒိုကတော့ လက်ရှိမှာအသင်းနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေပြီး အသင်းပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးဟောင်းထရာဇီဂက်က ရော်နယ်ဒိုရဲ့ အကျိုးသက်ရောက်မှုအပေါ်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အသင်းအတွက် အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်တယ်လို့ အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ အသင်းဖော်တွေနဲ့ အဆင်မပြေမှုတွေဖြစ်နေတယ်လို့လည်း သူက အရိပ်အမြွက်ပြောဆိုသွားခဲ့ပါတယ်။ 

အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ၂၀၁၈ မှာ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ ရာသီအတွင်း စီးရီးအေဖလားနှစ်လုံးဆွတ်ခူးနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုလည်း ရယူနိုင်တဲ့အထိ ရော်နယ်ဒိုက ခြေစွမ်းပြခဲ့ပါတယ်။ အသင်းအတွက် ၁၃၃ ပွဲကစားပေးအပြီးမှာပဲ သွင်းဂိုးပေါင်း ၁၀၁ ဂိုးအထိ ရော်နယ်ဒိုက ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


"ရော်နယ်ဒိုကိုခေါ်ယူမှုက ကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ဘတ်ဂျက်ကိုကောင်းကောင်းကောင်းဂရုစိုက်တဲ့ ကလပ်အသင်းတစ်ခုမှာ ရော်နယ်ဒိုရှိလာမယ်လို့ ဘယ်သူကမှမထင်ခဲ့လို့ပါ၊ ဒါပေမယ့် ပြသနာတချို့ကတော့ သူ အသင်းဖော်တွေနဲ့ အဆင်မပြေတာပါ၊ ဒါကိုလည်း သူ ပြသခဲ့ပါတယ်၊ ဒါပေမယ့် သူက ဂိုး ၁၀၀ အထိတောင် ရခဲ့ပါတယ်"

"ရီးရဲလ်နည်းပြဟောင်းဇီဒန်းလိုမျိုး သူ့ကိုဘယ်သူကမှ ထိန်းသိမ်းနိုင်မှာမဟုတ်ပါဘူး၊ ဂျူဗီမှာ လိုအပ်ချက်ရှိနေတာလည်းဖြစ်နိုင်ပါတယ်၊ နည်းပြတစ်ယောက်အနေနဲ့ ကစားသမားတစ်ဦးကို မင်း မိနစ် ၉၀ လုံး လမ်းပဲလျှောက်နေတယ်၊ အသင်းနိုင်ပွဲရအောင်လုပ်ပေးဦးဆိုပြီး ခေါ်ယူပြောဆိုနိုင်ရပါမယ်၊ ရော်နယ်ဒိုက အသင်းအတွက်နိုင်ပွဲယူပေးနိုင်သလို ဒီဘာလာလည်း လုပ်ပေးနိုင်ပါတယ်" လို့ ထရာဇီဂက်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိမှာအသင်းနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေပြီး အသင်းပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ သူ့ကို အသင်းဟောင်းယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေပြီး ဂျူဗီကတော့ အသင်းမှာဆက်ရှိနေမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြောဆိုထားပါတယ်။ 



က္က