ဒေါ်လာ ၁၀ သန်းအထိ ကူညီပေးမယ်လို့ ကမ်းလှမး်ထားပါတယ်။

အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးကို ဘာစီလိုနာက စာချုပ်သစ်အတွက် ကြိုးစားနေပေမယ့်လည်း ကစားသမားက ကိုပါအမေရိကပွဲသွားရောက်ကစားနေတာကြောင့် စာချုပ်ကိစ္စမပြီးပြတ်သေးတာလည်းဖြစ်ပါတယ်။


မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာအသင်းကို ဘဏ္ဍာရေးအရကူညီပေးမယ်လို့ အပြာဝက်ဘ်ဆိုက်တစ်ခုက ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ Sportbible ရဲ့ ဖော်ပြချက်အရ လူကြီးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Stripchat က ဒေါ်လာ ၁၀ သန်းအထိ ကူညီပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သိရပြီး မက်ဆီကတော့ လက်ရှိမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးနေသူဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးကို ဘာစီလိုနာက စာချုပ်သစ်အတွက် ကြိုးစားနေပေမယ့်လည်း ကစားသမားက ကိုပါအမေရိကပွဲသွားရောက်ကစားနေတာကြောင့် စာချုပ်ကိစ္စမပြီးပြတ်သေးတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီက သူအသင်းမှာ ဆက်ရှိမှာလား၊ မရှိဘူးလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းပြောဆိုခြင်းမရှိသေးလို့ ဘာစီလိုနာအတွက် စိုးရိမ်ဖွယ်ရာတော့ရှိနေပါတယ်။ 


ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ ဘဏ္ဍာရေးပိုင်းပြသနာတွေရှိနေတဲ့ ဘာစီလိုနာဟာ မက်ဆီကို လက်ရှိလုပ်ခလစာအတိုင်းပေးချေနိုင်ဖို့ အသင်းရဲ့ ကစားသမားတချို့ကို ရောင်းချဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ ဒီအချက်ကို အခွင့်ကောင်းယူပြီး Stripchat က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အဆိုပါဝက်ဘ်ဆိုက်ကတော့ webcam ကုမ္ပဏီတစ်ခုဖြစ်ပြီး လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေကို ပေးနေတာလည်းဖြစ်ပါတယ်


အဆိုပါဝက်ဘ်ဆိုက်ရဲ့ ဒုတိယဥက္ကဌဖြစ်သူ Max Bennett က "ဘောလုံးအားကစားအပေါ် စိတ်အားထက်သန်တဲ့ ပရိသတ်တစ်ဦးအနေနဲ့ ဘာစီလိုနာက မက်ဆီကို စာချုပ်ချုပ်ဖို့ ငွေကြေးရှာဖွေနေတယ်ဆိုတာကို ကျွန်တော်သတိပြုမိပါတယ်၊ ဒါက လီယိုအတွက် ဝမ်းနည်းစရာပါ၊ သူက ဘာစီလိုနာကစားသမားအဖြစ် နှစ်ပေါင်း ၂၀ အထိ ကစားပေးခဲ့တာပါ၊ ဒီအတွက် ကျွန်တော်တို့က ရန်ပုံငွေကူညီပေးသွားချင်ပါတယ်"


"လာမယ့်ရာသီမှ ဘာစီလိုနာအတွက် Live Streaming စီးပွားဖက်ဖြစ်လာဖို့ ဒေါ်လာ ၁၀ သန်း ကျွန်တော်ကမ်းလှမ်းချင်ပါတယ်၊ ကျွန်တော်တို့မှာ တစ်လကို ကမ္ဘာတဝှမ်းကဝင်ရောက်ကြည့်ရှုသူ ပရိသတ် သန်း ၄၂၀ အထိ ပိုင်ဆိုင်ထားပါတယ်၊ ဘောလုံးပွဲတွေနဲ့ မက်ဆီကို တိုက်ရိုက်ထုတ်လွှင့်ပြီး ကွဲပြားခြားနားတဲ့ပျော်ရွှင်မှုတွေကို ကျွန်တော်တို့ရရှိနိုင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာဘက်ကတော့ Stripchat ရဲ့ ကမ်းလှမ်းမှုနဲ့ပတ်သက်ပြီး တုံ့ပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ 



က္က