ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားတော့မှာပါ။

ဒီနေ့မှာတော့ ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ပွဲစဉ်ကို စတင်ပြီဖြစ်ပါတယ်။ နာမည်ကျော်အသင်းနှစ်သင်းဖြစ်တဲ့ အီတလီ နဲ့ စပိန်တို့ ထိပ်တိုက်တွေ့ဆုံနေလို့ ပွဲကြီးပွဲကောင်းဖြစ်လာမှာတော့ သေချာပါတယ်။ နှစ်သင်းစလုံးမှာ နာမည်ကြီးကစားသမားတွေပါဝင်နေတာကြောင့်လည်း ဆွဲဆောင်မှုအားကောင်းနေတာ အမှန်ပါ။ ပြိးတော့ လက်ရှိမှာ ခြေစွမ်းအမြင့်ဆုံးကိုရောက်နေတဲ့ အချိန်တွေလည်းဖြစ်တာကြောင့် ပိုပြီးကြည့်ကောင်းမယ့်ပွဲလို့ အားလုံးက ယူဆနေကြပါတယ်။ အီတလီက ဘယ်လ်ဂျီယံကို ကျော်ဖြတ်ပြီး တက်လာခဲ့သလို စပိန်ကလည်း ဆွစ်ဇာလန်ကို အနိုင်ယူခဲ့တာပါ။ 


ထိပ်တိုက်တွေ့ဆုံမှု

စုစုပေါင်း ၃၄ ကြိမ်တွေ့ဆုံခဲ့ကြပြီး စပိန်က ၁၂ပွဲနိုင်ပြီး အီတလီက ၉ ပွဲအနိုင်ရကာ ၁၃ ပွဲ သရေကျခဲ့တာပါ။ ၂၀၁၇ တုန်းက ရင်ဆိုင်ခဲ့တဲ့ပွဲမှာ စပိန်က ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီတစ်ကြိမ်တော့ မန်စီနီလက်အောက်မှာ ခြေစွမ်းအကောင်းဆုံးဖြစ်နေတဲ့ အီတလီက လက်စားပြန်ချေဖို့ အခွင့်အရေးကောင်းကို ရနေပါပြီ။ အီတလီက စပိန်ထက် ပိုပြီးကောင်းမွန်တာကတော့ အသေအချာပါပဲ။


အီတလီယူရိုရလဒ်များ - နိုင်၊ နိုင်၊ နိုင်၊ နိုင်၊ နိုင်

စပိန်ယူရိုရလဒ်များ - သရေ၊ သရေ၊ နိုင်၊ နိုင်၊ နိုင်


စိတ်ဝင်စားဖွယ်ကိန်းဂဏန်းများ

Photo : Standard

အီတလီက စပိန်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ၁၄ ကြိမ်မှာ ၂ ပွဲပဲ အနိုင်ရခဲ့ပါတယ်။ ယူရို ၂၀၁၂ ဗိုလ်လုပွဲမှာ စပိန်ရဲ့ ရွှေရောင်မျိုးဆက်အသင်းကို အီတလီတို့ အရေးနိမ့်ခဲ့ပါတယ်၊ ဒါပေမယ့် ယူရို ၂၀၁၆ ရှုံးထွက်အဆင့်မှာတော့ ပြန်ပြီးတော့ ၂-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။


မန်စီနီရဲ့ အသင်းဟာ ဒီယူရိုပြိုင်ပွဲမှာ ပွဲတိုင်းအနိုင်ရထားတဲ့ တစ်ခုတည်းသော အသင်းအဖြစ် ရှိနေပါတယ်။ လက်ရှိမှာ ခြေစွမ်းအကောင်းဆုံးအသင်းကလည်း သူတို့အသင်းဖြစ်နေပြီး ၃၂ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကိုပါ ပိုင်ဆိုင်ထားတာပါ။ 


အီတလီအတွက် ပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ်အဆင့်ကို ၁၂ ကြိမ်မြောက်ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ သူတို့ထက် အကြိမ်ရေပိုများတဲ့အသင်းအဖြစ် ဂျာမနီတစ်သင်းတည်းသာရှိနေခဲ့ပြီး ဂျာမနီက အကြိမ် ၂၀ အထိ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ 

Photo : UEFA


စပိန်က ယူရို ၂၀၂၀ မှာ နှစ်ပွဲဆက်တိုက် ငါးဂိုးစီသွင်းယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်ခဲ့ပါတယ်။ ခရိုအေးရှားနဲ့ စလိုဗက်ကီးယားတို့ကို သွင်းယူခဲ့တာဖြစ်ပြီး တိုက်စစ်အားကောငး်မွန်မှုကို ပြသခဲ့ပါတယ်။ 


အီတလီအတွက် အင်ဆစ်ဂ်နီက နောက်ဆုံး ၁၅ ပွဲမှာ ၆ ဂိုးသွင်းပြီး ၇ ကြိ်မ်ဖန်တီးပေးထားပါတယ်။ နာပိုလီကြယ်ပွင့်က မန်စီနီအတွက် အားကိုးရတဲ့ကစားသမားဖြစ်နေပြီး ဘယ်လ်ဂျီယံနဲ့ပွဲမှာ လှပတဲ့ ဝေ့ဝိုက်ကန်သွင်းချက်နဲ့ ဂိုးရခဲ့ပါတယ်။ 



က္က