စပိန်နဲ့ကစားရမယ့် ပွဲမတိုင်ခင် ပြောခဲ့တာပါ။

အီတလီနာမည်ကျော်ခံစစ်သမားနှစ်ဦးရဲ့ စုစုပေါင်းအသက်ဟာ ၇၀ အထိ ရှိနေပြီး ဒီနေ့မှာတော့ စပိန်နဲ့ ယူရိုဆီမီးဖိုင်နယ်ပွဲကို ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ 


ကမ္ဘာ့အကောင်းဆုံးဗဟိုခံစစ်အတွဲအဖြစ် ဘိုနူချီနဲ့ ချီလီနီကို သူ ပိုင်ဆိုင်ထားတယ်လို့ အီတလီနည်းပြမန်စီနီက ပြောဆိုလိုက်ပါတယ်။ စပိန်နဲ့ကစားရမယ့်ပွဲမတိုင်ခင်မှာ ပြောဆိုလိုက်တာဖြစ်ပြီး အီတလီနာမည်ကျော်ခံစစ်သမားနှစ်ဦးရဲ့ စုစုပေါင်းအသက်ဟာ ၇၀ အထိ ရှိနေပြီး ဒီနေ့မှာတော့ စပိန်နဲ့ ယူရိုဆီမီးဖိုင်နယ်ပွဲကို ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ 

ချီလီနီကတော့ အဖွင့်ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့ပေမယ့်လည်း အမြန်ဆုံးပြန်လည်ကစားပေးနိုင်ခဲ့ပြီး ဘိုနူချီနဲ့တွဲဖက်ကာ တောင့်တင်းတဲ့ခံစစ်ကြောင်းတစ်ခုကို ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံနဲ့ပွဲမှာလည်း အီတလီအသင်းဂိုးပေးရနိုင်တဲ့ အနေအထားမှာ ချီလီနီက အံ့အားသင့်ဖွယ်ရာကောင်းအောင် ဖျက်ထုတ်နိုင်ခဲ့ပြီး ပြိုင်ဘက်ကွင်းလယ်လူကီဗင်ဒီဘရိုင်းကို တော်တော်လေးစိတ်ပျက်စေခဲ့ပါတယ်။ 


"သူတို့က ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်အတွဲပါပဲ၊ ဒါကို ကျွန်တော်တို့ နှစ်ပေါင်းများစွာကြားသိခဲ့ရပြီးသားပါ၊ သူတို့ရဲ့ သန်မာမှုကို ပွဲတိုင်းမှာ သက်သေပြချင်သူတွေဖြစ်ပြီး ချီလီနီက အချိန်တိုအတွင်း ၃ ပွဲဆက်တိုက်ကန်နိုင်သေးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ မန်စီနီက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဘိုနူချီကလည်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ "ကျွန်တော်တို့က တစ်ဦးနဲ့တစ်ဦး ကောင်းကောင်းနားလည်ပြီးသားပါ၊ ဒါက အရမ်းသဘာဝကျပါတယ်၊ အခြားတစ်ယောက်နဲ့ တွဲဖက်ကစားနေချိန်မှာ တခြားအရာတွေကို စဉ်းစားနေစရာမလိုပါဘူး၊ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် လုပ်အားနှုန်းကိုမျှဝေခဲ့ကြပြီး ဒါကပဲ ကျွန်တော်တို့ကို ခေါင်းဆောင်တွေအဖြစ် လုပ်ခွင့်ရစေခဲ့တာပါ၊ အဲဒါက အရေးကြီးပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။ 


အီတလီကတော့ ၃၂ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်။ ဒါ့အပြင် ယူရိုပွဲ ၅ ပွဲကစားအပြီးမှာ ပေးဂိုး ၂ ဂိုးတည်းသာရှိခဲ့ပြီး ပွဲတိုင်းကို အနိုင်ရထားတဲ့ တစ်ခုတည်းသောအသင်းအဖြစ်နဲ့ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ 



က္က