ချယ်လ်ဆီးအသင်းဖော်နှစ်ဦးဟာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရတော့မှာပါ။

ချယ်လ်ဆီးအသင်းဖော်တွေဖြစ်တာကြောင့် တစ်ဦးအကြောင်းတစ်ဦးသိနေကြတာဖြစ်ပြီး လက်ရှိမှာ ဂျော်ဂျင်ဟိုက အီတလီအတွက် ခြေစွမ်းပြကစားပေးနေသူလည်းဖြစ်ပါတယ်။


ဒီနေ့ညရင်ဆိုင်ရမယ့် အီတလီနဲ့ ယူရိုဆီမီးဖိုင်နယ်မှာ အီတလီကွင်းလယ်လူဂျော်ဂျင်ဟိုကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် စပိန်က အနိုင်ရပြီလို့ နောက်ခံလူအက်ဇ်ပီလီကွီတာက ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းဖော်တွေဖြစ်တာကြောင့် တစ်ဦးအကြောင်းတစ်ဦးသိနေကြတာဖြစ်ပြီး လက်ရှိမှာ ဂျော်ဂျင်ဟိုက အီတလီအတွက် ခြေစွမ်းပြကစားပေးနေသူလည်းဖြစ်ပါတယ်။

အက်ဇ်ပီလီကွီတာကလည်း စပိန်ရဲ့အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်ကာ ဒီနေ့မှာတော့ ကလပ်အသငး်ဖော်နှစ်ဦးဟာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ ရှုံးပွဲလုံးဝမရှိသေးတဲ့ အသင်းနှစ်သင်းတွေ့ဆုံတာဖြစ်သလို စံချိန်မှတ်တမ်းကောင်းတွေကိုလည်း ယူရိုပြိုင်ပွဲမှာ ပိုင်ဆိုင်ထားကြတာကြောင့် အကြိတ်အနယ်ရှိမယ့် ပွဲကောင်းဖြစ်မယ်လို့ အားလုံးကမျှော်လင့်နေကြပါတယ်။ 

ဖျက်ထုတ်မှုနဲ့ ကြားဖြတ်လုယှုမှုပေါင်း ၂၁ကြိမ်ထိ ပြုလုပ်ထားကာ ၉၅% အထိ အောင်မြင်အောင်ပေးပို့ထားနိုင်ခဲ့တဲ့ ဂျော်ဂျင်ဟိုနဲ့ ပတ်သက်ပြီး အက်ဇ်ပီလီကွီတာက "သူနဲ့ကွင်းထဲမှာ ပြန်တွေ့ရတာ မိုက်တယ်၊ ဒါကြောင့်လည်း ဘောလုံးပွဲတွေက တကယ်ကိုထူးခြားနေတာပါ၊ အခုတော့ ကျွန်တော်တို့က နိုင်ငံအသင်းတွေအတွက် အကောင်းဆုံးကစားပြရတော့မှာပါ၊ ဂျော်ဂျင်ဟိုက အီတလီရဲ့ အဓိကအကျဆုံးဆိုတာကို သက်သေပြနေပါတယ်"

'သူ့မှာ အရည်အသွေးအပြည့်ရှိနေပြီး ဘောလုံးကိုကောင်းကောင်းထိန်းနိုင်ပြီး ပွဲကိုထိန်းချုပ်နိုင်တဲ့သူပါ၊ ကျွန်တော်တို့သာ သူ့ကိုထိန်းချုပ်နိုင်မယ်ဆိုရင် အခွင့်အရေးတွေပိုရပြီး ဗိုလ်လုပွဲကိုတက်ရောက်နိုင်ပါလိမ့်မယ်" လို့ ပြောဆိုခဲ့ကြောင်း Marca ကဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ်နွယ်ဖွားဂျော်ဂျင်ဟိုကို အီတလီအသင်းဖော်တွေကလည်း ဘလွန်းဒီအောဆုနဲ့ ထိုက်တန်သူဖြစ်တယ်လို့ ချီးမွမ်းနေကြပြီး အသင်းရဲ့အရေးကြီးကစားသမားဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။ 



က္က