ဆီမီးဖိုင်နယ်ပွဲအဖြစ် ဒီနေ့မှာ ကစားရတော့မှာပါ။

အင်္ဂလန်ကတော့ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်တက်ပြီးနောက် ယူရိုမှာလည်း ဆီမီးကို ရောက်ခဲ့ပါပြီ။ ဒိန်းမတ်ကလည်း အံ့အားသင့်ဖွယ်ရာခြေစွမ်းတွေကို ပြသခဲ့ပြီး နှစ်သင်းစလုံးက အထင်ကြီးဖွယ်ရာခြေစွမ်းတွေကို လက်ရှိမှာ ပိုင်ဆိုင်ထားပါတယ်။ အင်္ဂလန်ဆိုရင် ပေးဂိုးမရှိသေးတဲ့ တခုတည်းသောအသင်းဖြစ်ပြီး ဝင်ဘလေမှာ ကန်ရမှာဖြစ်လို့ အားသာချက်အပြည့်ရှိနေပါတယ်။ ဒိန်းမတ်က ယူရိုမှာ ဘယ်လိုအထင်ကြီးမှုမျိုးမှ မရခဲ့တဲ့ အသင်းဖြစ်ပေမယ့်လည်း ဆီမီးအဆင့်ကို ရောက်လာခဲ့တာ တကယ်ချီးကျူးချင်စရာပါပဲ။


အင်္ဂလန်ကလည်း ယူရိုမှာ နည်းဗျူဟာမြောက်ကစားပုံတွေနဲ့အတူ ထိုက်ထိုက်တန်တန်ကို ဒီအဆင့်ကို ရေက်ခဲ့တာပါ။ စိတ်ဓာတ်၊ ခြေစွမ်း၊ ခံယူချက်တွေက မေးခွန်းထုတ်စရာကိုမရှိခဲ့ပါဘူး။ အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ပရိသတ်အားသာချက်လည်း အင်္ဂလန်က ရရှိထားကာ သူတို့အတွက် အကောင်းဆုံးအခွင့်အရေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ 


ထိပ်တိုက်တွေ့ဆုံမှု

Photo : Sky Sports

ဒီနှစ်သင်းက စုစုပေါင်း ၂၁ ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီး အင်္ဂလန်က ၁၂ ပွဲအထိ အနိုင်ရခဲ့ပါတယ်။ ဒိန်းမတ်ကတော့ လေးပွဲတည်းသာ အနိုင်ရခဲ့ပြီး ၅ ပွဲသရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နေးရှင်းလိဂ်ပြိုင်ပွဲမှာ ရင်ဆိုင်ခဲ့ရစဉ်က ဒိန်းမတ်က ၁-၀ နဲ့ အင်္ဂလန်ကို အနိုင်ရခဲ့ပါတယ်။ အင်္ဂလန်က ၁ဝဦးတည်းနဲ့ ကစားရတာဖြစ်ပြီးတော့ ဒီနေ့ကစားမယ့်ပွဲမှာ မထင်မှတ်ပဲ ဒိန်းမတ်က အားလုံးကို အံ့အားသင့်စေနိုင်တာကို သတိပြုရမှာပါ။


အင်္ဂလန်ယူရိုရလဒ်များ - နိုင်၊ သရေ၊ နိုင်၊ နိုင်၊ နိုင်

ဒိန်းမတ်ယူရိုရလဒ်များ - ရှုံး၊ ရှုံး၊ နိုင်၊ နိုင်၊ နိုင်


စိတ်ဝင်စားဖွယ်ကိန်းဂဏန်းများ

Photo : Sky Sports

ဒိန်းမတ်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ အဓိကပြိုင်ပွဲကြီးတွေရဲ့ နောက်ဆုံး ၆ ပွဲမှာ အင်္ဂလန်က ၁ ပွဲတည်းသာ အနိုင်ရထားခဲ့ပါတယ်။ ဒီအချက်က တော်တော်လေးတော့ စိုးရိမ်စရာကောင်းမှုတစ်ခုအဖြစ် ရှိနေတာပါ။ ဒိန်းမတ်ကတော့ ၂၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယူရိုမှာ ဆီမီးကို ပထမဆုံးအကြိမ်ရောက်ခဲ့တာဖြစ်ပြီး သူတို့နောက်ဆုံးတက်ရောက်ခဲ့တဲ့ ယူရို ၉၂ မှာတော့ ချန်ပီယံပါဖြစ်ခဲ့ပါတယ်။ 


အင်္ဂလန်က ယူရိုဆီမီးကို ၃ ကြိမ်မြောက်ကစားရတာဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံးဆီမီးပွဲက ယူရို ၉၆ ဖြစ်ပြီး ဂျာမနီနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အင်္ဂလန်ဟာ ယူရိုမှာ ၃၆ ပွဲအထိ ကစားထားခဲ့ပေမယ့်လည်း ဗိုလ်လုပွဲကိုတော့ တက်ရောက်ထားဖူးခြင်းမရှိလို့ ဒီနှစ်မှာ ပထမဆုံးအကြိမ်တက်ရောက်နိုင်မလားစောင့်ကြည့်ရမှာပါ။ 

Photo : The Guardian

ဟယ်ရီကိန်းက နောက်ဆုံး ၂၆ ပွဲမှာ သွင်းဂိုး ၁၈ ဂိုး နဲ့ ၉ ကြိမ်ဖန်တီးမှုလုပ်ထားပါတယ်။ ယူရိုအစမှာ သူခြေစွမ်းမပြခဲ့ပေမယ့် နောက်ဆုံး ၂ပွဲမှာ ၃ ဂိုးအထိ သွင်းယူပေးထားပြီး ဂိုးပေါက်ပြန်တွေ့နေပါတယ်။ ဒိန်းမတ်ကတော့ ယူရိုမှာ ၂ပွဲဆက်တိုက် လေးဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ်မှတ်တမ်းဝင်ထားပြီး ခြေစွမ်းလည်းကောင်းနေပါတယ်။ ဒေါလ်ဘာ့ဂျ်က ၃ ဂိုးသွင်းယူပေးထားကာ ဒိန်းမတ်ကစားသမားတစ်ဦးအနေနဲ့ စံချိန်တင်နိုင်ဖို့ ၂ ဂိုးသာ လိုအပ်ပါတော့တယ်။ 



က္က