ဒိန်းမတ်နောက်ခံလူ ခရစ္စတီယန်ဆန်ရဲ့ ပြောဆိုမှုကို ပြန်တုံ့ပြန်ခဲ့တာပါ။

အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းက ဒီနေ့ကစားရမယ့် ဒိန်းမတ်နဲ့ပွဲမတိုင်ခင်မှာ သူ့ကို ဘယ်သူကမှ တားဆီးလို့ရမှာမဟုတ်ဘူးလို့ ပြောဆိုသတိပေးလိုက်ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ယူရိုနောက်ဆုံး ၂ပွဲမှာ ၃ဂိုးအထိ သွင်ယူးပေးထားသူဖြစ်ကာ ဒိန်းမတ်နောက်ခံလူခရစ္စတီယန်ဆန် သူတို့အသင်းဟာ ဟယ်ရီကိန်းကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ဒိလိုပြောဆိုခဲ့မှုအပေါ်မှာ ကိန်းက ပြန်လည်တု့ံပြန်ခဲ့တာဖြစ်ပြီး အင်္ဂလန်မှာ စွမ်းဆောင်ရည်မြင့်ကစားသမားကောင်းတွေ အများကြီးရှိနေသေးတယ်လို့ ဆိုခဲ့ပါတယ်။ သူ့ရဲ့လက်ရှိခြေစွမး်ကိုလည်း တားဆီးလို့ရမှာမဟုတ်ဘူးလို့ ခံစားနေရကြောင်း ကိန်းက ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပြီး ဒိန်းမတ်ကို ပွဲစဉ်မတိုင်ခင်မှာပဲ ပြန်လည်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ခရစ္စတီယန်ဆန်ရဲ့ သူ့ကိုထိန်းချုပ်နိုင်မယ်ဆိုတဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး ကိန်းကို မေးမြန်းခဲ့ရာမှာတော့ "ပွင့်ပွင့်လင်းလင်းပြောရရင် မဖြစ်နိုင်ပါဘူး၊ ကျွန်တော့်နားလည်မှုက ကိုယ်တိုင်သာမက အသင်းအတွက်ပါ ကူညီဖို့လိုအပ်တဲ့အရာတွေကိုပါ သိနေတာပါ၊ ကျွန်တော့်ကစားသမားဘဝမှာ အကောင်းဆုံးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ အဲဒါက ပြသနာမရှိပါဘူး၊ တကယ်လို့ ကျွန်တော့်ကို ရပ်တန့်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ပြသနာတွေလုပ်ပေးနိုင်တဲ့ ကစားသမားတွေရှိနေလို့ပါ"

"ကျွန်တော့်ကို ရပ်တန့်လိုက်တာက အသင်းတစ်သင်းလုံးကို ရပ်တန့်လိုက်တာမဟုတ်ပါဘူး၊ ကျွန်တော်တို့မှာ ခြိမ်းခြောက်မှုတွေ၊ ရွေးချယ်စရာတွေ၊ မတူညီတဲ့ကစားဟန်တွေ အများကြီးရှိနေပါတယ်၊ ကျွန်တော့်အမြင်ကတော့ ကွင်းထဲမှာ သူတို့တွေ ဘယ်လိုကစားမလဲ၊ ဘယ်လိုတည်ဆောက်မလဲဆိုတာကို ကောင်းကောင်းသိနိုင်ဖို့ဖြစ်ပါတယ်၊ ကျွန်တော်အသင်းအတွက် အကောင်းဆုံးကစားပြီး ဂိုးသွင်းတာ ဒါမှမဟုတ် ဖန်တီးပေးတာလုပ်နိုင်တိုင်း အဲဒါကိုလုပ်နိုင်ခဲ့တယ်လို့ ခံစားရပါတယ်" လို့ ကိန်းက ပြောဆိုခဲ့ပါတယ်။

ဟယ်ရီကိန်းကတော့ ၂၀၁၈ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။ လက်ရှိယူရိုမှာတော့ ရွှေဖိနပ်ဆုရရှိဖို့အတွက်ဆိုရင် နောက်ထပ်သွင်းဂိုး ၃ ဂိုးအထိ လိုအပ်နေပြီး ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုက ၅ ဂိုးသွင်းယူကာ ဦးဆောင်နေတာဖြစ်ပါတယ်။ 



က္က