ကိုလံဘီယာနဲ့ပွဲမှာ ခြေကျင်းဝတ်သွေးထွက်ဒဏ်ရာရရှိခဲ့တာပါ။

အာဂျင်တီးနားက ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ကိုပါအမေရိကဗိုလ်လုပွဲကိုတက်ရောက်ခဲ့ပြီး ဘရာဇီးလ်နဲ့ ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ 


ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ကိုလံဘီယာနဲ့ ကိုပါအမေရိကဖလားဆီမီးဖိုင်နယ်မှာ မက်ဆီဟာ ခြေကျင်းဝတ်မှာ သွေးထွက်ဒဏ်ရာရရှိခဲ့ပေမယ့် အသင်းအတွက် ပွဲချိန်ပြည့်ကစားပေးခဲ့လို့ ချီးကျူးမှုတွေကို ရရှိနေပြီဖြစ်ပါတယ်။ အာဂျင်တီးနားက ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ကိုပါအမေရိကဗိုလ်လုပွဲကိုတက်ရောက်ခဲ့ပြီး ဘရာဇီးလ်နဲ့ ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ 

မက်ဆီရဲ့ ဖန်တီးပေးမှုကနေ မာတီနက်ဇ်ရဲ့သွင်းဂိုးနဲ့ အာဂျင်တီးနားတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကိုလံဘီယာက ပြန်လည်ချေပခဲ့တာကြောင့် တစ်ဂိုးစီသရေပွဲဖြစ်ခဲ့ပါတယ်။ အချိန်ပိုကစားခြင်းမရှိဘဲ ပင်နယ်တီကို တိုက်ရိုက်ကန်သွင်းခဲ့တာဖြစ်ပြီး အာဂျင်တီးနားဂိုးသမားမာတီနက်ဇ်က လက်စွမ်းပြကာ ၃ ဂိုးအထိ ကာကွယ်ပေးခဲ့ပြီး အသင်းကို ဗိုလ်လုပွဲတက်ရောက်စေခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ကိုလံဘီယာကစားသမားတွေရဲ့ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုကို ရင်ဆို်င်ခဲ့ရတာလည်းဖြစ်ပါတယ်။ ကိုလံဘီယာကစားသမား ၆ ဦးအထိ အဝါကတ်ထိခဲ့ရာမှာ မက်ဆီကို ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ရရှိခဲ့တဲ့ အဝါကတ်တွေသာဖြစ်ခဲ့ရပါတယ်။ မက်ဆီအနေနဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေကိုခံခဲ့ရလို့ ခြေကျင်းဝတ်မှာ သွေးထွက်ဒဏ်ရာရရှိခဲ့ပြီး သူ့ရဲ့ခြေအိတ်မှာလည်း သွေးကွက်စွန်းထင်းနေတာကို အထင်းသားမြင်တွေ့ရခဲ့ပါတယ်။ 

ဘယ်ခြေအားသန်တဲ့ မက်ဆီဟာ ဘယ်ခြေမှာပဲ ဒဏ်ရာရရှိခဲ့တာဖြစ်ပေမယ့် အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့သလို ပင်နယ်တီအဆုံးအဖြတ်မှာလည်း တာဝန်ကျေအောင် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နိုင်ငံအသင်းအတွက် ပထမဆုံးဆုဖလားတစ်လုံးကို ရယူဖို့ပစ်မှတ်ထားနေတဲ့ မက်ဆီအတွက်တော့ ဒီနိုင်ပွဲက တော်တော်လေးအရေးပါခဲ့ပြီး အသင်းအနိုင်ရခဲ့အပြီးမှာလည်း အားပါးတရအောင်ပွဲခံခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

မက်ဆီဟာ ပြိုင်ပွဲတစ်လျှောက်မှာ သွင်းဂိုး ၄ ဂိုးနဲ့ ဖန်တီးမှု ၅ ကြိမ်လုပ်ထားပေးပြီး အသင်းရရှိထားတဲ့ သွင်းဂိုး ၁၁ ဂိုးမှာ ၉ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်တဲ့အထိ ခြေစွမ်းပြနေခဲ့ပါတယ်။ သူ့အနေနဲ့ ဆုဖလားသာ ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် လက်ရွေးစင်ကစားသမားဘဝမှတ်တမ်းဆိုးကို ချေဖျက်နိုင်တော့မှာဖြစ်လို့ လာမယ့်ဗိုလ်လုပွဲက သူ့ရဲ့ ကစားသမားဘဝမှာ အရေးအကြီးဆုံးပွဲတစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်။ 



က္က