အချိန်ပိုမှာ အင်္ဂလန်ပင်နယ်တီကန်သွင်းခဲ့ချိန် ဖြစ်ပါတယ်။

ဒီလုပ်ရပ်အတွက်လည်း အင်္ဂလန်ပရိသတ်တွေကိုယ်တိုင်က ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြကာ လီဗာပူးလ်နဲ့ အင်္ဂလန်ကစားသမားဟောင်း စတန်ကော်လီမိုးက အဆိုပါပရိသတ်ကိုဖော်ထုတ်ပြီး ရာသက်ပန်ပွဲကြည့်ခွင့်ပိတ်ပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။ 


မနေ့က ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ဒိန်းမတ်ပွဲစဉ်မှာ အင်္ဂလန်အတွက် ဟယ်ရီကိန်းပင်နယ်တီကန်သွင်းယူချိန်မှာ ကာကွယ်ဖို့ကြိုးစားနေတဲ့ ဒိန်းမတ်ဂိုးသမားရှမိုက်ကယ်ဟာ မျက်နှာကို လေဆာနဲ့အထိုးခံခဲ့ရပါတယ်။ အင်္ဂလန်အတွက် ဗိုလ်လုပွဲကိုတက်ရောက်ဖို့ အရေးကြီးတဲ့အခိုက်အတန့်ဖြစ်နေချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်အောင် အင်္ဂလန်ပရိသတ်တစ်ဦးက ပြုလုပ်ခဲ့တာလို့ Daily Mail ကဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ရှမိုက်ကယ်ကတော့ အဆိုပါပင်နယ်တီကို အောင်မြင်အောင်ကာကွယ်နိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းက ဘယ်ဘက်ထောင့်ကို ကန်သွင်းချိန်မှာ မှန်ကန်စွာနဲ့ ဒိုက်ဗင်ထိုးပုတ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ပုတ်ထုတ်မှုကနေ အံထွက်ခဲ့တဲ့ ဘောလုံးကို ဟယ်ရီကိန်းက ထပ်ဆင့်ပိတ်သွင်းယူပြီး အင်္ဂလန်အတွက် အဖိုးတန်အနိုင်ဂိုးရရှိသွားခဲ့ကာ ၂-၁ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။

ရှမိုက်ကယ်ဟာ ဂိုးဖမ်းဖို့အတွက် အာရုံစိုက်နေခဲ့ပြီးတော့ သူ့မျက်နှာမှာ လေဆာမီးအစိမ်းရောင်ကျရောက်နေခဲ့တာက တော်တော်လေးထင်ရှားခဲ့ပါတယ်။ ညာမျက်လုံးနားတဝိုက်ကို ထိုးခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်အတွက်လည်း အင်္ဂလန်ပရိသတ်တွေကိုယ်တိုင်က ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြကာ လီဗာပူးလ်နဲ့ အင်္ဂလန်ကစားသမားဟောင်း စတန်ကော်လီမိုးက အဆိုပါပရိသတ်ကိုဖော်ထုတ်ပြီး ရာသက်ပန်ပွဲကြည့်ခွင့်ပိတ်ပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဒိန်းမတ်ဟာ အင်္ဂလန်ကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ယူရို ၅ ပွဲကစားအပြီးမှာ ပေးဂိုးမရှိသေးတဲ့ အင်္ဂလန်ဂိုးပေါက်ကို ဖရီးကစ်ကတဆင့် ကွင်းလယ်ကစားသမား ဒမ်းစ်ဂတ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးရပြီး ၉ မိနစ်အကြာမှာ ဆာကာရဲ့ ဖြတ်ပို့ပေးမှုကိုတားဆီးရင်း ဒိန်းမတ်အသင်းခေါင်းဆောင်ခါဂျာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့လို့ တစ်ဂိုးစီဖြစ်ခဲ့ကာ မိနစ် ၉၀ အထိ သရေကျခဲ့ပါတယ်။

အချိန်ပိုမှာတော့ စတာလင်ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ဟယ်ရီကိန်းက သွင်းယူပြီး ဂိုးမဝင်ခဲ့ပေမယ့် ထပ်ဆင့်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်အတွက်တော့ ရှုံးချက်နာခဲ့ရတဲ့ပွဲဖြစ်ပြီး ဗိုလ်လုပွဲနဲ့အလှမ်းဝေးခဲ့ရပါတယ်။ အင်္ဂလန်ကတော့ ယူရိုမှာ ပထမဆုံးအကြိမ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ 



က္က