ဒိုင်ဆုံးဖြတ်ချက်တွေနဲ့ပတသ်က်ပြီး အငြင်းပွားနေကြတာပါ။

စတာလင်ကြောင့် အင်္ဂလန်တို့ ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောဟာ မဖြစ်သင့်တဲ့အနေအထားဖြစ်တယ်လို့ နာမည်ကျော်နည်းပြဟောင်းကြီး အာစင်ဝင်းဂါးကိုယ်တိုင်က ထောက်ပြခဲ့တာဖြစ်ပါတယ်။


အင်္ဂလန်ရဲ့ ဒိန်းမတ်ကို အနိုင်ရရှိခဲ့တဲ့ပွဲကတော့ အငြင်းပွားစရာတွေ တပုံတပင်ကြီးနဲ့ ကျန်နေရစ်ခဲ့ပါပြီ။ ၂-၁ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို အင်္ဂလန်တို့ တက်ရောက်ခဲ့ပေမယ့်လည်း ပြစ်တင်ဝေဖန်မှုတွေ အများကြီးရှိနေခဲ့ကာ ဒိန်းမတ််အနေနဲ့ ဝင်ဘလေမှာ တဖက်သတ်ဆုံးဖြတ်ချက်တွေကြောင့် နစ်နာနေရတယ်လို့ တွစ်တာမှာ အငြင်းပွားမှုတွေ အများကြီးရှိနေခဲ့ပါတယ်။ 

အထူးသဖြင့် စတာလင်ကြောင့် အင်္ဂလန်တို့ ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောဟာ မဖြစ်သင့်တဲ့အနေအထားဖြစ်တယ်လို့ နာမည်ကျော်နည်းပြဟောင်းကြီး အာစင်ဝင်းဂါးကိုယ်တိုင်က ထောက်ပြခဲ့တာဖြစ်ပါတယ်။ စတာလင်လဲကျခဲ့မှုမှာ ဒိန်းမတ်ကစားသမားတွေရဲ့ ဖျက်ထုတ်မှုက သာမာန်အနေအထားမှာသာရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးကတော့ ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ 

ဒ့ါအပြင် စတာလင်က ဒိန်းမတ်ဧရိယာထဲကို ဆွဲမဝင်လာခင်မှာ ကွင်းအတွင်း ဘောလုံးနှစ်လုံးဖြစ်နေခဲ့ပါတယ်။ စည်းမျဉ်းတွေအရ ဒုတိယဘောလုံးဟာ ကစားနေဆဲဘောလုံးရဲ့ တိုက်စစ်လမ်းကြောင်းကို ထိခိုက်မှုမရှိရင် ဆက်လက်ကစားခွင့်ရှိတယ်လို့ ဆိုထားပေမယ့်လည်း ပုံမှန်အားဖြင့်တော့ ကွင်းအတွင်းကို ဘောလုံးနောက်ထပ်တစ်လုံးရောက်လာခဲ့ပါက ပွဲကိုရပ်တန့်ပြီး အဆိုပါနေရာကနေပဲ ဘောလုံးရထားသူက ပြန်လည်ရယူပြီး စတင်ကစားစေတာဖြစ်ပါတယ်။ 

ဘောလုံးနှစ်လုံးအထိဖြစ်နေမှုဟာ စည်းကြပ်ဒိုင် နဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ရှေ့တည့်တည့်မှာ ဖြစ်နေခဲ့ပြီး အထင်းသားအရှင်းသားလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကိုတော့ ဆက်လက်ကစားနေခဲ့ပြီး အင်္ဂလန်က ပင်နယ်တီရကာ ဟယ်ရီကိန်းက ကန်သွင်းပြီး ဂိုးမဝင်ခဲ့ပေမယ့် ထပ်ဆင့်ပိတ်သွင်းယူလို့ အင်္ဂလန်တို့ အနိုင်ဂိုးရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။ ပင်နယ်တီကန်သွင်းချိန်မှာလည်း ဂိုးသမားရှမိုက်ကယ်ဟာ လေဆာနဲ့ အထိုးခံခဲ့ရပြီး နှောင့်ယှက်ခံခဲ့ရပေမယ့် ဒိုင်လူကြီး တစ်စုံတစ်ရာပြောဆိုမှုမရှိခဲ့ပါဘူး။ 

တွစ်တာမှာတော့ အင်္ဂလန်က ဝင်ဘလေကွင်းမှာ အနိုင်ရဖို့ ဘာမဆိုပြုလုပ်ခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။ နောက်ထပ်တစ်ယောက်ကတော့ VAR အခန်းတွင်းမှာ အဲလစ်ဇဘက်ဘုရင်မကြီးကိုယ်တိုင်ရှိနေခဲ့တာကြောင့် လှောင်ပြောင်ခဲ့ပြီး ဒိန်းမတ်ရဲ့အရှုံးဟာမထိုက်တန်ဘူးလို့ ပြောဆိုနေကြပါတယ်။ 



က္က