မနက်ဖြန်ကစားကြရတော့မှာဖြစ်ပါတယ်။

တောင်အမေရိကတိုက်ရဲ့ အကြိးမားဆုံးဘောလုံးပြိုင်ပွဲကြီးဖြစ်တဲ့ ကိုပါအမေရိကပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဒေသတွင်းအကောင်းဆုံးအသင်းနှစ်သင်းတွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။ 


မနက်ဖြန်မှာ ကစားရမယ့် ဘရာဇီးလ်နဲ့ အာဂျင်တ်ီးနားတို့ရဲ့ ကိုပါအမေရိကဗိုလ်လုပွဲမှာ ၅ ဂိုးပြတ်နဲ့ ဘရာဇီးလ်က အနိုင်ရမယ်လို့ ဘရာဇီးလ်သမ္မတဘော်ဆွန်နာရိုက ပြောဆိုလိုက်ပါတယ်။ တောင်အမေရိကတိုက်ရဲ့ အကြိးမားဆုံးဘောလုံးပြိုင်ပွဲကြီးဖြစ်တဲ့ ကိုပါအမေရိကပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဒေသတွင်းအကောင်းဆုံးအသင်းနှစ်သင်းတွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။ 

တောင်အမေရိကနိုင်ငံ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးတဲပ အစည်းအဝေးကို တက်ရောက်လာခဲ့ရင်း ဘော်ဆွန်နာရိုက ပြောဆိုခဲ့တာဖြစ်တယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ အကောင်းဆုံးပုံစံရနေကြပြီး ရှုံးပွဲမရှိစံချိန်နဲ့ ဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ မဟာပြိုင်ဘက်နှစ်သင်းဟာ ဆုဖလားအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကြတော့မှာလည်းဖြစ်ပါတယ်။ 

"လာမယ့်စနေနေ့မှာဆိုရင် Maracana ကွင်းကြီးမှာ ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ရဲ့ ပြိုင်ဆိုင်မှုကို မြင်ရတော့မှာပါ၊ ဘရာဇီးလ်က ၅-၀ နဲ့ အနိုင်ရပါလိမ့်မယ်" လို့ လက်ငါးချောင်းထောင်ပြရင်း ဘော်ဆွန်နာရိုက ပြောဆိုခဲ့ပါတယ်။ ဒါဟာ ပွဲစဉ်မတိုင်ခင် ဘရာဇီးလ်အသင်းသားတွေကို စိတ်အားတက်ကြွစေမှာလည်းဖြစ်ပြီး ဒီပွဲအပေါ် ပရိသတ်စိတ်ဝင်စားမှုကို ပိုပြီးမြင့်မားလာစေခဲ့ပါတယ်။ 

နေမာ နဲ့ မက်ဆီတို့ ထိပ်တိုက်တွေ့ကြမှာဖြစ်လို့လည်း ဒီပွဲက ဆွဲဆောင်မှုရှိနေတာဖြစ်ပါတယ်။ အဆိုပါကစားသမားနှစ်ဦးဟာ ကမ္ဘာကျော်ကစားသမားတွေအဖြစ် ရပ်တည်ခဲ့ပြီး ကလပ်အသင်းတွေမှာ အောင်မြင်မှုအများအပြားရရှိခဲ့ကြပေမယ့် နိုင်ငံအဆင့်မှာတော့ ဆုဖလားဆွတ်ခူးပေးထားနိုင်ခြင်းမရှိတာကြောင့် ဒီတစ်ကြိမ်မှာတော့ နေမာကပဲ ဘရာဇီးလ်နဲ့အတူ ပထမဆုံးဆုဖလားရယူသွားမလား၊ မက်ဆီကပဲ ပထမဆုံးအကြိမ်ရယူသွားမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ 



က္က