ပရိသတ်အများအပြားက စောင့်ဆိုင်းဂုဏ်ပြုခဲ့ကြတာပါ။

ဒိန်းမတ်အနေနဲ့ အမြင့်ဆုံးအောင်မြင်မှုကိုမရရှိခဲ့ပေမယ့်လည်း သူတို့စွမ်းဆောင်ခဲ့မှုက အမြင့်ဆုံးအဆင့်မှာရှိနေခဲ့တယ်လို့ မှတ်ချက်ပြုခံနေရပါတယ်။ 


ဒိန်းမတ်ပရိသတ်တွေဟာ အင်္ဂလန်ကို ယူရိုဆီမိးဖိုင်နယ်မှာအရေးနိမ့်ပြီး ပြည်တော်ပြန်ခဲ့ရတဲ့ ဒိန်းမတ်အသင်းသားတွေကို လေဆိပ်မှာ သူရဲကောင်းတွေသဖွယ်ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒိန်းမတ်ဟာ အင်္ဂလန်ကို ဆီမီးဖိုင်နယ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးမှ အချိန်ပိုမှာ အရေးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အသင်းသားတွေရဲ့ စိတ်ဓာတ်မာကျောမှုနဲ့ ခြေစွမ်းပိုင်းကောင်းမွန်မှုကို ပြသနိုင်ခဲ့တာကြောင့် ပရိသတ်တွေက ကျေနပ်အားရနေခဲ့ကြပါတယ်။ အုပ်စုအဖွင့်ပွဲနှစ်ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီး အရေးပေါ်အခြေအနေဖြစ်ခဲ့တဲ့ အဲရစ်ဆန်ကြောင့် အခက်အခဲတွေ ကြားကနေ ဒိန်းမတ်က ဆီမီးဖိုင်နယ်အဆင့်ကို ထိုက်ထိုက်တန်တန်နဲ့ တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အုပ်စုတွင်းမှာ ဖင်လန်၊ ဘယ်လ်ဂျီယံကို အရေးနိမ့်ခဲ့ပြီး ရုရှားကို နောက်ဆုံးပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့လို့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ၁၆ သင်းအဆင့်မှာ ဝေးလ်၊ ကွာတားဖိုင်နယ်မှာ ချက်တို့ကို ထပ်မံအနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်ရဲ့စွမ်းဆောင်ရည်ကို အားလုံးအသိအမှတ်ပြုအံ့အားသင့်ခဲ့ကြရပြီး အင်္ဂလန်နဲ့ပွဲမှာလည်း အနိုင်ရနိုင်တဲ့ ခြေစွမ်းမျိုးရှိတယ်လို့ အသိအမှတ်ပြုခံခဲ့ရပါတယ်။

ဒိန်းမတ်အသင်းသားတွေကို လေဆိပ်မှာ ပရိသတ်အများအပြားက လာရောက်စောင့်ဆိုင်းကာ ကြိုဆိုနှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ကြိုဆိုမှုဟာ ယူရိုမှာချန်ပီယံဖြစ်လာတဲ့အသင်းကို ဂုဏ်ပြုကြိုဆိုသလိုမျိုးဖြစ်တယ်လို့လည်း မီဒီယာတွေက ဖော်ပြခဲ့ကြပြီး ဒိန်းမတ်အသင်းသားတွေကလည်း ပြန်လည်နှုတ်ဆက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒိန်းမတ်အနေနဲ့ အမြင့်ဆုံးအောင်မြင်မှုကိုမရရှိခဲ့ပေမယ့်လည်း သူတို့စွမ်းဆောင်ခဲ့မှုက အမြင့်ဆုံးအဆင့်မှာရှိနေခဲ့တယ်လို့ မှတ်ချက်ပြုခံနေရပါတယ်။ 



က္က