ကိုပါဗိုလ်လုပွဲအဖြစ် မနက်ဖြန်မှာ ကစားကြရမှာပါ။

ဘရာဇီးလ်ကတော့ ကိုပါအမေရိကလက်ရှိချန်ပီယံဖြစ်ပြီး ဒေသတွင်းအပြင်းထန်ဆုံးပြိုင်ဘက်နဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။


မနက်ဖြန်မှာ ကစားရမယ့် ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ ဘရာဇီးလ်သားတွေဖြစ်ပေမယ့်လည်း မက်ဆီကို နှစ်ခြိုက်တာကြောင့် အာဂျင်တီးနားကို အနိုင်ရစေချင်တယ်လို့ ပြောဆိုခဲ့တဲ့သူတွေကို ဘရာဇီးလ်နာမည်ကျော်ကစားသမားနေမာက ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဘရာဇီးလ်ပရိသတ်တွေက ပြိုင်ဘက်အသင်းကို အားပေးမယ်လို့ပြောဆိုတဲ့အပေါ်မှာ နေမာက မပျော်မရွှင်ဖြစ်နေတယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မက်ဆီဟာ နိုင်ငံအသင်းနဲ့အတူ အဓိကဆုဖလားတစ်လုံးမှ ဆွတ်ခူးထားနိုင်ခြင်းမရှိသေးသူဖြစ်ပါတယ်။ ဒါကြောင့် မနက်ဖြန်ကစားရမယ့်ပွဲဟာ သူ့ရဲ့မှတ်တမ်းဆိုးတွေကို ချေဖျက်နိုင်မယ့်ပွဲအဖြစ်ရှိနေတာဖြစ်ပြီး တဖက်မှာလည်း နေမာက ဘရာဇီးလ်နဲ့အတူ ပထမဆုံးဆုဖလားကို ရယူနို်င်ဖို့ မျှော်လင့်နေရတာလည်း ဖြစ်ပါတယ်။ 

နေမာက "ဘရာဇီးလ်သားဖြစ်ရတာကို ကျွန်တော်ဂုဏ်ယူမိသလို သဘောလည်းကျမိပါတယ်၊ ကျွန်တော့်အိပ်မက်တွေက ဘရာဇီးလ်အတွက် အမြဲကစားပေးခွင့်ရဖို့ နဲ့ ပရိသတ်တွေရဲ့ သံပြိုင်ဟစ်ကြွေးသံတွေကို နားထောင်ချင်ဖို့ပါ၊ အားကစားပဲဖြစ်ဖြစ်၊ မော်ဒယ်လ်ပြိုင်ပွဲပဲဖြစ်ဖြစ်၊ အော်စကာဆုပေးပွဲဖြစ်ဖြစ် ဘရာဇီးလ်ဝင်ရောက်ယှဉ်ပြိုင်တိုုင်း ဝေဖန်တိုက်ခိုက်တာမျိုးမလုပ်ဖူးပါဘူး၊ လုပ်ဖူးတာရောရှိနေခဲ့လို့လား?"

"ကျွန်တော်လည်း ဘရာဇီးလ်သားပဲလေ၊ ဘာများကွာခြားနေလို့လဲ၊ လေးစားမှုလည်းရှိသလို လုပ်စရာရှိတာလည်း ဆက်လုပ်သွားမှာပါ၊ အခုတော့ ခင်ဗျားတို့က ပြိုင်ဘက်အသင်းကိုအားပေးမယ်ဆိုတော့ ငရဲကိုသာ သွားလိုက်ကြပါ၊ ဘယ်သွားရမလဲဆိုတာကို ကိုယ့်ဘာသာကိုယ် သိကြပါ' လို အင်စတာဂရမ်ကတဆင့် ပြင်းပြင်းထန်ထန်ပြောဆိုသွားခဲ့ပါတယ်။ 

ဘရာဇီးလ်ကတော့ ကိုပါအမေရိကလက်ရှိချန်ပီယံဖြစ်ပြီး ဒေသတွင်းအပြင်းထန်ဆုံးပြိုင်ဘက်နဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အာဂျင်တီးနားကတော့ ပြီးခဲ့တဲ့ကာလတွေအတွင်း ကိုပါဗိုလ်လုပွဲကို ၂ ကြိမ်ဆက်တိုက်တက်ရောက်နိုင်မှုတွေရှိခဲ့ပေမယ့် ၂ကြိမ်စလုံး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ဒီတစ်ကြိမ်မှာတော့ ဘရာဇီးလ်ကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 



က္က