လက်ရွေးစင်အသင်းနဲ့ ပထမဆုံးအကြိမ် အောင်မြင်မှုရခဲ့ပါပြီ။

လက်ရွေးစင်အသင်းအတွက် ဘယ်လိုအောင်မြင်မှုမှ မရယူပေးနိုင်သေးလို့ အမြဲတမ်းဝေဖန်လှောင်ပြောင်ခံနေရတဲ့ မက်ဆီဟာ သူ့ရဲ့အားနည်းချက်ကို ဖယ်ရှားပစ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။


ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာတော မက်ဆီရဲ့ အာဂျင်တီးနားဟာ ဘရာဇီးလ်ကို ၁-၀ နဲ့ အနိုင်ရရှိပြီး ဆုဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီမာရီယာရဲ့ ပွဲချိန် ၂၂ မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ အာဂျင်တီးနားတို့ ဗိုလ်စွဲခဲ့ပြီး ကံဆိုးမိုးမှောင်နေမှုတွေကို အဆုံးသတ်နိုင်ခဲ့ကာ မက်ဆီအတွက်လည်း လက်ရွေးစင်အသင်းနဲ့အတူ ပထမဆုံးအောင်မြင်မှုကို ရရှိခဲ့ပြီဖြစ်ပါတယ်။ 

လက်ရွေးစင်အသင်းအတွက် ဘယ်လိုအောင်မြင်မှုမှ မရယူပေးနိုင်သေးလို့ အမြဲတမ်းဝေဖန်လှောင်ပြောင်ခံနေရတဲ့ မက်ဆီဟာ သူ့ရဲ့အားနည်းချက်ကို ဖယ်ရှားပစ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် နာမည်ကျော်ကစားသမားဟာ ကလပ်အသင်းကစားသမားဘဝမှာ မရဖူးတဲ့အောင်မြင်မှုမရှိအောင်ကို အောင်မြင်နေခဲ့ပေမယ့် လက်ရွေးစင်အသင်းနဲ့တော့ ကစားသမားဘဝအနားယူခါနီးမှ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဆုဖလားဆွတ်ခူးမှုနဲ့အတူ မက်ဆီဟာ ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးကစားသမားဆုတွေကိုပါ ရယူနိုင်ခဲ့ပါတယ်။ မက်ဆီက စုစုပေါင်း ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၅ ကြိမ်ဖန်တီးပေးနိုင်ခဲ့လို့ သူနဲ့သွင်းဂိုးအရေအတွက်ချင်းတူညီနေတဲ့ ကိုလံဘီယာကစားသမားဒီယက်ဇ်ကို နောက်ကောက်ချနိုင်ခဲ့သလို အာဂျင်တီးနားအတွက် ပြိုင်ပွဲတလျှောက်လုံး ခြေစွမ်းပြပြီး ၁၂ ဂိုးအထိ အသင်းရရှိခဲ့ရာမှာ ၉ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့လို့ အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ မက်ဆီကို အသင်းဖော်တွေက ၀ိုင်းဝန်းဂုဏ်ပြုခဲ့ကြပါတယ်။ မက်ဆီရဲ့အောင်မြင်မှုဟာ သူတို့ရဲ့အောင်မြင်မှုပဲလို့ အသင်းဖော်တွေက မှတ်ယူထားကြတာကို အထင်းသားတွေ့ရှိခဲ့ရပြီး သူတို့ရဲ့အသင်းဖော်ကို ချီမြှောက်ကာ အောင်ပွဲခံခဲ့ကြပါတယ်။ မက်ဆီိကိုယ်တိုင်လည်း အောင်မြင်မှုအတွက် အတောမသတ်နိုင်အောင် ပျော်ရွှင်နေခဲ့ပြီး သူ့ရဲ့ပထမဆုံးဆုဖလားကို ကွင်းအတွင်းမှာရော၊ အဝတ်လဲခန်းအတွင်းမှာပဲ လက်ကမချနိုင်အောင်ကို အောင်ပွဲခံခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။ 



က္က