ပင်နယ်တီကာကွယ်အပြီး အနိုင်ရမှန်းကို မသိခဲ့တာလို့ ဝန်ခံခဲ့တာပါ။

ဆာကာရဲ့ ပင်နယ်တီကို ကာကွယ်ခဲ့ပြီးနောက်မှာ အောင်ပွဲခံရမယ်မှန်းမသိဘဲ ပင်နယ်တီဆက်ကန်မယ်လို့ထင်ပြီး အေးအေးဆေးဆေးသာ ရှိနေခဲ့ကာ အသင်းဖော်တွေပြေးလာအောင်ပွဲခံတော့မှ သူပါ အောင်ပွဲခံခဲ့ရတာဖြစ်ပါတယ်။


အီတလီအသင်းရဲ့ ဂိုးသမားဒွန်နာရမ်မာဟာ အင်္ဂလန်ကိုအနိုင်ရရှိခဲ့တဲ့ ပွဲမှာ သူ့အသင်းအနိုင်ရခဲ့ပြီဆိုတာကို မသိခဲ့မိဘူးလို့ ဝန်ခံလိုက်ပါတယ်။ ဒီအတွက်ကြောင့်လည်း ဆာကာရဲ့ ပင်နယ်တီကို ကာကွယ်ခဲ့ပြီးနောက်မှာ အောင်ပွဲခံရမယ်မှန်းမသိဘဲ ပင်နယ်တီဆက်ကန်မယ်လို့ထင်ပြီး အေးအေးဆေးဆေးသာ ရှိနေခဲ့ကာ အသင်းဖော်တွေပြေးလာအောင်ပွဲခံတော့မှ သူပါ အောင်ပွဲခံခဲ့ရတာဖြစ်ပါတယ်။

ဒွန်နာရမ်မာဟာ ပင်နယ်တီအဆုံးအဖြတ်မှာ အသင်းအတွက်လက်စွမ်းပြခဲ့ပြီး ၂ကြိမ်အထိ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဆန်ချို နဲ့ ဆာကာတို့ရဲ့ ပင်နယ်တီတွေကို ပုတ်ထုတ်ကာကွယ်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဆာကာကန်သွင်းချက်ကို ကာကွယ်အပြီးမှာ အီတလီက ဆုဖလားဆွတ်ခူးသွားနိုင်ခဲ့ပေမယ့် သူ့ရဲ့အေးတိအေးစက်ပုံစံကြောင့် ပရိသတ်တွေဟာ အံ့အားသင့်ခဲ့ရပြီး VAR ဆုံးဖြတ်ချက်ခံယူရမှာလားလို့တောင်မှ တွေးမိခဲ့ကြကြောင်း ဆိုပါတယ်။

Sky Italia နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒွန်နာရမ်မာက "ကျွန်တော်အောင်ပွဲမခံခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ အသင်းအနိုင်ရပြီဆိုတာကို ကျွန်တော်မသိခဲ့လို့ပါ" လို့ ရှင်းပြခဲ့ပါတယ်။ အဆိုပါအခိုက်အတန့်မှာ အီတလီကလည်း ပင်နယ်တီနှစ်ကြိမ်မဝင်ခဲ့သလို အင်္ဂလန်ကလည်း ဆက်တိုက်လွဲချော်နေခဲ့ကြလို့ အနိုင်ရလို့ရမှန်းမသိတဲ့ အနေအထားမျိုးကို ဒွန်နာရမ်မာ ရင်ဆိုင်ခဲ့ရပြီး ပရိသတ်တွေကတောင် အထင်အမြင်လွဲခဲ့ကြတာဖြစ်ပါတယ်။ 

ဒွန်နာရမ်မာဟာ ပြိုင်ပွဲတလျှောက်အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ စုစုပေါင်း ၉ ကြိမ်အထိ ကာကွယ်မှုပြုလုပ်နိုင်ခဲ့ကာ ယူရိုသမိုင်းမှာ ဒီဆုကိုရရှိတဲ့ ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လာမယ့်ရာသီမှာတော့ သူဟာ ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့တော့မှာဖြစ်ပြီး လက်ရှိလက်စွမ်းတွေအရ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်လာဖို့ အရည်အသွေးပြည့်ဝသူလို့ သတ်မှတ်ခံထားရပြီလည်းဖြစ်ပါတယ်။ 



က္က