ဇာတိမြို့က နေအိမ်မှာ အနားယူနေတာဖြစ်ပါတယ်။

နေအိမ်အုတ်တံတိုင်းအပေါ်ထိ အာဂျင်တီးနားပရိသတ်တွေက တက်ရောက်ခဲ့ပြီး မက်ဆီရဲ့နာမည်ကို အော်ဟစ်ကာ ဂုဏ်ပြုခဲ့ကြပြီး သီချင်းတွေလည်း ဆိုနေခဲ့ကြတယ်လို့ သိရပါတယ်။


အာဂျင်တီးနားတိုက်စစ်မှူးလီယွန်နယ်မက်ဆီဟာ သူ့ရဲ့နေအိမ်ခြံအပြင်ဘက်ထိ ရောက်ရှိလာခဲ့တဲ့ ပရိသတ်တွေကို ထွက်တွေ့ခဲ့ပြီး အမှတ်တရလက်မှတ်ရေးထိုးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီဟာ ဇာတိမြို့ ရိုဆာရီယိုက နေအိမ်မှာပဲ ရှိနေတာဖြစ်ပြီး ပရိသတ်တွေက ညဘက်မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

နေအိမ်အုတ်တံတိုင်းအပေါ်ထိ အာဂျင်တီးနားပရိသတ်တွေက တက်ရောက်ခဲ့ပြီး မက်ဆီရဲ့နာမည်ကို အော်ဟစ်ကာ ဂုဏ်ပြုခဲ့ကြပြီး သီချင်းတွေလည်း ဆိုနေခဲ့ကြတယ်လို့ သိရပါတယ်။ မက်ဆီဟာ ပရိသတ်တွေကို ထွက်တွေ့ခဲ့ပြီးနောက် အမှတ်တရလက်မှတ်ရေးထိုးပေးမှုတွေပြုလုပ် ခဲ့ပါတယ်။ ပရိသတ်တွေဟာ ဘောလုံး၊ ဂျာစီတွေကို ခြံဝင်းထဲပစ်သွင်းခဲ့ပြီး မက်ဆီက လိုက်လံကောက်ယူကာ လက်မှတ်ထိုးပေးခဲ့တာဖြစ်ပါတယ်။ 

အနားယူနေတဲ့ ကာလဖြစ်ပေမယ့် မက်ဆီကို်ယ်တိုင်လည်း လက်ရွေးစင်အသင်းနဲ့အတူ ပထမဆုံးအကြိမ်အောင်မြင်မှုရရှိထားပြီးဖြစ်လို့ စိတ်အားတက်ကြွနေတယ်လို့ ယူဆရပါတယ်။ ပရိသတ်တွေကို သူက ပြုံးပြုံးရွှင်ရွှင်နဲ့ စကားအနည်းငယ်ပြောဆိုခဲ့သလို သူတို့ပစ်ပေါက်ခဲ့တဲ့ အရာဝတ္ထုတွေကိုလည်း လိုက်ကောက်ကာ လက်မှတ်ထိုးပေးတဲ့အထိ လိုက်လျောပေးခဲ့တာလည်းဖြစ်ပါတယ်။ 

ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းဘုရင်ဆုတွေကို မက်ဆီက ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး လက်ရှိမှာ ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ မက်ဆီဟာ လာမယ့်ရာသီသစ်အတွက် သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ရသေးခြင်းမရှိသေးဘဲ ဘာကာနဲ့စာချုပ်ထပ်ချုပ်မှာလား၊ အသင်းသစ်ရွေးချယ်မှာလားဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ 




က္က