အေစီအသ်ငးဖော်ကို ချီးကျူးစကားဆိုရင်း ကိုယ်ရည်သွေးပြခဲ့ပြန်ပါပြီ။

ဒွန်နာရမ်မာဟာ အီတလီအသင်းနဲ့အတူ ယူရိုဖလားကိုဆွတ်ခူးနိုင်ခဲ့သလို ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ကာ အသက် ၂၂ နှစ်အရွယ်မှာပဲ ကြီးမားတဲ့အောင်မြင်မှုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 


အေစီမီလန်အသင်းတိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်က အသင်းဖော်ဂိုးသမားဒွန်နာရမ်မာကို ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုရခဲ့လို့ ချီးကျူးစကားပြောဆိုလိုက်ပါတယ်။ ဒွန်နာရမ်မာဟာ အီတလီအသင်းနဲ့အတူ ယူရိုဖလားကိုဆွတ်ခူးနိုင်ခဲ့သလို ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ကာ အသက် ၂၂ နှစ်အရွယ်မှာပဲ ကြီးမားတဲ့အောင်မြင်မှုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

အီတလီက ယူရိုဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဇလာတန်က သူ့ရဲ့အင်စတာဂရမ်ကတဆင့် ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့တာပါ။ ဇလာတန်ကိုယ်တိုင်ကတော့ ဆွီဒင်လက်ရွေးစင်အသင်းမှာ တကျော့ပြန်ရွေးချယ်ခံခဲ့ရပြီးမှ ဒဏ်ရာကြောင့်နုတ်ထွက်ခဲ့ရပြီး ဒိပြိုင်ပွဲကြီးကို ပရိသတ်တစ်ဦးအနေနဲ့သာ ကြည့်ရှုခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဇလာတန်က "စီးရီးအေမှာကစားရတာ မဆိုးပါဘူး၊ ငါ့ရဲ့ ဒုတိယအိမ်လည်းဖြစ်တယ်၊ ဂုဏ်ပြုပါတယ် အီတလီ" လို့ အီတလီအသင်းအောင်ပွဲခံနေတဲ့ပုံနဲ့အတူ ရေးသားခဲ့ပါတယ်။ ဒိနောက်မှာတော့ သူက အသင်းဖော်ဒွန်နာရမ်မာရဲ့ လေယာဉ်ပေါ်မှာ ဆုဖလားကိုင်ထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ် Story မှာ ဖော်ပြခဲ့ပြီး သူ့ရဲ့ထုံးစံတိုင်း ပြောင်မြောက်တဲ့ ပြောဆိုမှုတွေကို ပြုလုပ်သွားခဲ့ပါတယ်။ 

"ငါနဲ့ တစ်နှစ်အတူတူရှိနေလိုက်တာ အောင်မြင်မှုတွေဘယ်လိုယူရမလဲ မင်းကောင်းကောင်းနားလည်သွားပြီပဲ၊ မင်းကိုကြိုဆိုပါတယ် ငါ့ကောင်" လို့ ရေးသားပြောဆိုခဲ့ပါတယ်။ ဒါဟာ စကားကြီးစကားကျယ်၊ လေလုံးခပ်ထွားထွားနဲ့ ပြောဆိုတတ်တဲ့ ဇလာတန်ဆီက နောက်တစ်ကြိမ်ကြားသိရမှုဖြစ်ခဲ့ပြီး ပရိသတ်တွေကတော့ ထုံးစံအတိုင်း သဘောတွေကျနေခဲ့ကြတယ်လို့ Football Italia က ဖော်ပြခဲ့ပါတယ်။ 


ဒွန်နာရမ်မာကတော့ လာမယ့်ရာသီမှာ ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့တော့မှာဖြစ်ပြီး အေစီမီလန်ကို နှုတ်ဆက်တော့မှာလည်း ဖြစ်ပါတယ်။ 



က္က