နာမည်ကြီးကစားသမားအများအပြားကျန်ရစ်နေခဲ့တာပါ။

ပြိုင်ပွဲတလျှောက်အကောင်းဆုံးကစားသမားဖြစ်တဲ့ ဒွန်နာရမ်မာ၊ အကောင်းဆုံးလူငယ်ကစားသမားဆုရ စပိန်က ပီဒရီတို့ ပါဝင်ခဲ့ကြပေမယ့် ရွှေဖိနပ်ဆုရှင်ရော်နယ်ဒိုကတော့ ရွေးချယ်ခြင်းမခံခဲ့ရတာလည်းဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကြီးရဲ့ အကောင်းဆုံးအသင်းမှာ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုတစ်ဦး ချန်လှပ်ခံခဲ့ရပြီဖြစ်ပါတယ်။ UEFA က ရွေးချယ်ထုတ်ပြန်ခဲ့ရာမှာတော့ ပြိုင်ပွဲတလျှောက်အကောင်းဆုံးကစားသမားဖြစ်တဲ့ ဒွန်နာရမ်မာ၊ အကောင်းဆုံးလူငယ်ကစားသမားဆုရ စပိန်က ပီဒရီတို့ ပါဝင်ခဲ့ကြပေမယ့် ရွှေဖိနပ်ဆုရှင်ရော်နယ်ဒိုကတော့ ရွေးချယ်ခြင်းမခံခဲ့ရတာလည်းဖြစ်ပါတယ်။

အကောင်းဆုံးအသင်းကို အီတလီကစားသမား ၆ဦးအထိက လွှမ်းမိုးခဲ့ကာ အင်္ဂလန်ကစားသမား ၃ဦး၊ ဒိန်းမတ်နဲ့ ဘယ်လ်ဂျီယံတို့က ကစားသမားတစ်ဦးစီ ပါဝင်ခဲ့ကြပါတယ်။ ချန်ပီယံအီတလီအသင်းသားတွေဖြစ်တဲ့ ဒွန်နာရမ်မာ၊ ဘိုနူချီ၊ ချီလီနီ၊ စပင်နာဇိုလာ၊ ဂျော်ဂျင်ဟိုနဲ့ ချီယေဆာတို့ ပါဝင်ခဲ့ကြပြီး အင်္ဂလန်အသင်းက မက်ဂွိုင်းယား၊ ဝေါ်ကာနဲ့ စတာလင်၊ ဒိန်းမတ်က ဟိုးဘာ့ဂျ်၊ ဘယ်လ်ဂျီယံက လူကာကူတို့ ရွေးချယ်ခံခဲ့ရပါတယ်။

အင်္ဂလန်အတွက် တောက်လျှောက်ခြေစွမ်းပြခဲ့တဲ့ ဘယ်နောက်ခံလူ လုခ်ရှောကို မရွေးချယ်ဘဲ ကွာတားဖိုင်နယ်မှာ ဒဏ်ရာရပြီး အနားယူခဲ့ရတဲ့ စပင်နာဇိုလာပါဝင်ခဲ့လို့ ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ အထူးသဖြင့် လုခ်ရှောဟာ ပရိသတ်တွေ သတိထားမိလောက်အောင်ကို ခြေစွမ်းပြသခဲ့ပြီး ဗိုလ်လုပွဲမှာလည်း အင်္ဂလန်အတွက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ကာ တစ်ပွဲလုံးခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ 

ရော်နယ်ဒိုနဲ့အတူ ပေါ့ဂ်ဘာ၊ ကန်တေ၊ ဘန်ဇီမာ၊ ဒီဘရိုင်းတို့လို နာမည်ကျော်ကစားသမာတွေလည်း ပါဝင်လာခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီနှစ်ယူရိုပြိုင်ပွဲမှာ ထင်မှတ်မထားဘဲ ခြေစွမ်းပြခဲ့တဲ့ ချက်တိုက်စစ်မှူးပက်ထရစ်ရှစ်လည်း မပါဝင်ခဲ့ဘဲ ကျန်ရစ်ခဲ့ပါတယ်။ ရွေးချယ်ထုတ်ပြန်ခဲ့တဲ့ အကောင်းဆုံးအသင်းနဲ့ပတ်သက်ပြီး ဘယ်အစွန်ခံစစ်မှူးနေရာသာ အငြင်းပွားဖွယ်ရာရှိခဲ့ပြီး ကျန်နေရာအားလုံးကတော့ လက်ခံနိုင်ဖွယ်ရှိတယ်လို့လည်း ပရိသတ်တွေက မှတ်ချက်ပြုခဲ့ပါတယ်။ 



က္က