၄နှစ်အတွင်း ပေါင် သန်း ၄၀၀ကျော် ရှာဖွေနိုင်ခဲ့သူပါ။

နောက်ဆုံး ချုပ်ဆိုထားတဲ့ စာချုပ်အရ မက်ဆီဟာ နောက်ဆုံး ၄နှစ်အတွင်း ပေါင် သန်း ၄၀၀ကျော် ပိုင်ဆိုင် နိုင်ခဲ့ သူပါ။

ဘာစီလိုနာအသင်းနှင့ ်စာချုပ်သက်တမ်း မရှိတော့ပဲ အလွတ်ထွက်ခွာခွင့်ရထားတဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာ ယခုအခါ အခြား အသင်းကို မပြောင်းပဲ ဘာစီလိုနာမှာသာ ဆက်ရှိနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။



Daily Mailသတင်းဌာနရဲ့ ‌ဖော်ပြလာချက်အရ မက်ဆီဟာ ယခင် ရရှိနေတဲ့ လစာငွေထဲက တစ်ဝက်တိတိကို မယူတော့ပဲ အသင်းနှင့်အတူ ၅နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ သဘောတူလိုက်တယ်လို့ သိရပါတယ်။

ဒါကြောင့် သူဟာ ကလပ်အသင်းမှာ အနည်းဆုံး အသက် ၃၉ နှစ်အထိ ဆက်ရှိနေတော့မှာ ဖြစ်ပြီး အသင်းနှင့် အတူ ဆက်နေဖို့ဆိုရင် လာလီဂါ ဥက္ကဌ တိဗက်စ်ရဲ့ သတိပေးချက်ကို မဖြစ်မနေ လိုက်နာရတော့မှာ ဖြစ်လို့ အခုလို လစာလျော့ပြီး စာချုပ်ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။


တိဗက်စ်က မက်ဆီကို ပေးချေနေတဲ့ နှုန်းထားဟာ အင်မတန်မှ များပြားနေပြီး ဒါဟာ စပိန်နိုင်ငံရဲ့ ဥပဒေအရ ကန့်သတ် ပမာဏထဲ ဝင်နေတာကြောင့် ယခုအခါ တစ်ဝက်အထိ လစာကို လျော့ယူလိုက်တာပဲ ဖြစ်ပါတယ်။ ၑမ

မက်ဆီနဲ့ ဘာစီလိုနာတို့အကြား နောက်ဆုံး ချုပ်ဆိုထားတဲ့ စာချုပ်အရ နောက်ဆုံး ၄နှစ်အတွင်း မက်ဆီဟာ ပေါင် ၄၂၅သန်း ရရှိခဲ့တာပါ။

မက်ဆီ အသင်းလက်မဲ့ ဖြစ်နေချိန်မှာတော့ ပီအက်စ်ဂျီ၊မန်စီးတီအသင်းတို့က ကလမ်းလှမ်းလာတာတွေ ရှိနေပြီး မက်ဆီကတော့ ငယ်စဥ်ကတည်းက ရိုးမြေကျလာတဲ့ ဘာစီလိုနာကို စွန့်ခွာဖို့ ခက်ခဲနေတာပါ။


ဆက်စပ်အကြောင်းအရာများ



က္က