မက်ဆီက ကျေးဇူးတင်စကားပြောဆိုခဲ့ပြီးပါပြီ။

အဖိုးအိုဟာ သူမကြည့်လိုက်ရတဲ့ပွဲတွေမှာ မက်ဆီဂိုးသွင်းပါက မြေးဖြစ်သူကိုခေါ်ယူပြီး သေချာအောင်မေးမြန်းကာ လွဲချော်မှုမရှိစေဖို့ မှတ်တမ်းတင်လေ့ရှိကြောင်းနဲ့ မက်ဆီရဲ့ ကစားသမားဘဝစတင်ကတည်းက ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 


အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ သူ့ရဲ့ကစားသမားသွင်းဂိုးအားလုံးကို စာရွက်နဲ့ကိုယ်တိုင်ရေးမှတ်ပြီး မှတ်တမ်းတင်ထားတဲ့ အသက် ၁ဝဝနှစ်အရွယ် အာဂျင်တီးနားပရိသတ်အဖိုးအိုဆီကို ကျေးဇူးတင်စကားပြောဆိုလိုက်ပါတယ်။ ဒွန်ဟာနန်လို့ အမည်ရတဲ့ အဖိုးအိုဟာ သူကိုယ်တိုင်လက်ရေးနဲ့ ရေးမှတ်ပြီး မှတ်တမ်းတင်ထားလည်းဖြစ်ပါတယ်။ 

ဒီအကြောင်းကို သူ့ရဲ့မြေးဖြစ်သူက လူမှုကွန်ယက်ပေါ်မှာ ဖော်ပြခဲ့ရာကနေ နာမည်ကြီးခဲ့ပြီး မက်ဆီလည်း သိရှိသွားခဲ့တာလို့ ဆိုပါတယ်။ အဆိုပါအဖိုးအိုဟာ သူမကြည့်လိုက်ရတဲ့ပွဲတွေမှာ မက်ဆီဂိုးသွင်းပါက မြေးဖြစ်သူကိုခေါ်ယူပြီး သေချာအောင်မေးမြန်းကာ လွဲချော်မှုမရှိစေဖို့ မှတ်တမ်းတင်လေ့ရှိကြောင်းနဲ့ မက်ဆီရဲ့ ကစားသမားဘဝစတင်ကတည်းက ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

မက်ဆီက အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားရယူပြီးနောက်မှာ အဖိုးအိုဆီကို ဗီဒီိယိုမက်ဆေ့ပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။ "ဟယ်လို ဟာနန်၊ ခင်ဗျားရဲ့အကြောင်းတွေ ကျွန်တော်သိလိုက်ရပါတယ်၊ ဒါက ကျွန်တော့်ကို တကယ်ရူးသွပ်စေပါတယ်၊ ကျွန်တော့်ရဲ့ ဂိုးတွေကို ဒီလိုနည်းနဲ့မှတ်တမ်းတင်တာကပေါ့၊ ဒီအတွက်ကြောင့် ကျွန်တော်အခုလိုမျိုး ပြောဆိုလိုက်တာပါ၊ ဒီလိုပြုလုပ်ပေးခဲ့လို့ တကယ်ကျေးဇူးတင်ပါတယ်" လို့ မက်ဆီက ပြောဆိုခဲ့ပါတယ်။



မက်ဆီရဲ့ ပြောဆိုမှုကို ဟာနန်ကြည့်ရှုရချိန်မှာ ဝမ်းသာလို့ မျက်ရည်ဝဲခဲ့ပြီး "မင်းကိုအမြဲအားပေးနေမှာပါ၊ မင်းနောက်မှာပဲ အမြဲရှိနေမှပါ၊ နောက်ဆုံးအထိ ငါက မင်းကိုပဲအားပေးနေမှာပါ" လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဒါကတော့ မက်ဆီနဲ့ သူ့ရဲ့ပရိသတ်တွေထဲက အသက်အကြီးဆုံး ပရိသတ်တစ်ဦးရဲ့ ကြည်နူးဖွယ်ရာပုံပြင်ပဲဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာတော့ တော်တော်လေးကို ရေပန်းစားနေခဲ့ပါတယ်။



မက်ဆီဟာ ကိုပါအမေရိကဖလားကိုရယူပြီး အာဂျင်တီးနားနဲ့အတူ ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းဘုရင်ဆုတွေကိုလည်း မက်ဆီက သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ အနားယူနေပါတယ်။ 



က္က