မိုင်ယာမီမှာ အပန်းဖြေနေစဉ်အတွင်းမှာပါ။

မက်ဆီဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး သူ စားသောက်ဆိုင်ထဲက ထွက်အလာကို စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကြောင့် ကသိကအောက်တော့ဖြစ်ခဲ့ဖွယ်ရှိပါတယ်။


ရာသီသစ်မစခင်မှာ အနားယူဖို့အတွက် မိုင်ယာမီကို ရောက်ရှိနေတဲ့ မက်ဆီဟာ ညစာစားသောက်ပြီး စားသောက်ဆိုင်ထဲကပြန်အထွက်ပါ သူ့ကိုမြင်တွေ့လို့ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးနဲ့တွေ့ခဲ့လို့ သက်တော်စောင့်တွေက ခေါ်ထုတ်ယူခဲ့ရပါတယ်။ ကိုပါအမေရိကဖလားကို အာဂျင်တီးနားနဲ့အတူ ရယူခဲ့ပြီးနောက် မက်ဆီက မိသားစုနဲ့အတူ အပန်းဖြေအနားယူနေတာလည်းဖြစ်ပါတယ်။

ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့အတူ မက်ဆီက အာဂျင်တီးနားကနေ ထွက်ခဲ့တာဖြစ်ပြီး သက်တော်စောင့်တွေလည်း ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ရက်ကမှ နေပူဆာလှုံနေတဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာပေါ်ဖော်ပြခဲ့တဲ့ မက်ဆီဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး သူ စားသောက်ဆိုင်ထဲက ထွက်အလာကို စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကြောင့် ကသိကအောက်တော့ဖြစ်ခဲ့ဖွယ်ရှိပါတယ်။

တွစ်တာမှာ ပြန့်နှံ့နေတဲ့ ရုပ်သံဖိုင်အရ မက်ဆီကို သက်တော်စောင့်နှစ်ဦးက ကြားညှပ်ကာ ခေါ်ယူခဲ့ရပါတယ်။ ပရိသတ်တွေကလည်း မက်ဆီတိုးမရအောင် ၀ိုင်းဝန်းထားကြပြီး ဖုန်းကိုယ်စီနဲ့ ဓာတ်ပုံတွေရိုက်ယူနေခဲ့ကြပါတယ်။ မက်ဆီဟာ ခေါင်းတောင်သိပ်မဖော်ဘဲ အမြန်ထွက်ခဲ့ရပြီး ပရိသတ်တွေကတော့ သူ့နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားခဲ့ကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ 

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ခေါင်းညိတ်ထားခဲ့ပြီဖြစ်ပါတယ်။ ရာသီသစ်အတွက် အသင်းနဲ့မပူးပေါင်းခင်မှာ အားလပ်ရက်ရရှိထားလို့ မိသားစုနဲ့အတူ အေးအေးဆေးဆေးအပန်းဖြေနေခါမှ သူ့ကိုအားပေးတဲ့ပရိသတ်တွေကြောင့် မက်ဆီတစ်ယောက် အခက်တွေ့ခဲ့ရပါတယ်။ မိုင်ယာမီကိုမလာခင်ကလည်း သူ့ရဲ့နေအိမ်ရှေ့ထိ ပရိသတ်တွေလာရောက်ခဲ့လို့ ထွက်တွေ့ပေးခဲ့ပြီး အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ရပါသေးတယ်။ 



က္က