နေရာပြောင်း ကစားဖို့ နည်းပြတွေရဲ့ အသုံးချတတ်မှုကလည်း များစွာ ပါဝင်ပတ်သက်နေတာ တွေ့မြင်ရပါတယ်။

တစ်ခါတရံမှာ ကစားသမားတွေဟာ နည်းပြရဲ့ နည်းဗျူဟာနဲ့ အံဝင်ချိန်ရှိသလို အံမဝင်ချိန်လည်း ရှိတတ်ပါတယ်။

မြန်မာအခေါ်အရ (လမိုင်းမကပ်)ဘူးလို့ ဆိုရမလားပဲ အခြား နည်းပြတစ်ဦးတစ်ယောက်ရဲ့ လက်အောက်မှာ ခြေစွမ်းပြနေသူတစ်ဦးဟာ နည်းပြ အပြောင်းအလဲမှာ ခြေစွမ်းလုံးဝပျောက်ဆုံးသွားတတ်ကြတာကိုလည်း မြင် တွေ့ဖူးကြမှာပါ။ ဒါ့အပြင် မူလ ကစားနေတဲ့ နေရာထက် ပိုမို သင့်လျော်မယ်ထင်တဲ့ နေရာကို နည်းပြက ပြောင်း လဲ ကစားစေရာမှ အစပ်အဟပ် တည့်ပြီး နာမည်ကြီး သွားကြသူတွေလည်း ရှိပါတယ်။



အဆိုပါ ကစားသမားတွေထဲကမှ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား လက်ရှိ ကမ္ဘာကျော် ဘောလုံးသမားတချို့လည်း အပါအဝင်ဖြစ်ပါတယ်။

အူဘာမီယန်း - တိုက်စစ်မှူး(အာဆင်နယ်၊ဂါဘွန်)

----------------------------

လက်ရှိ အာဆင်နယ်အသင်းနဲ့ ဂါဘွန် လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းဟာလည်း ယခင်က တိုက်စစ်မှူး မဟုတ်ခဲ့ပါဘူး။ ကွင်းလယ် ညာတောင်ပံ ကစားသမားအဖြစ် ပရော်ဖက်ရှင်နယ် ကစားသမားဘဝအစမှာ ကစားခဲ့ သူပါ။ အူဘာမီယန်းကို တိုက်စစ်မှူး စစ်စစ် တစ်ယောက်အသွင်နဲ့ အကောင်းဆုံး ပုံစံ စတင်မြင်ခဲ့ရတာကတော့ ၂၀၁၃ခုနှစ်မှာ ဒေါ့မွန်ကို စတင်ရောက်ရှိလာချိန်ကနေ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ဟာ အရပ်အမောင်းကောင်း သလို လျင်မြန်မှုနဲ့ အဆုံးသတ် သေချာတဲ့ အူဘာမီယန်းရဲ့ ခြေစွမ်းခြေစကို အကောင်းဆုံး အသုံးချပြနိုင်ခဲ့တာ ကြောင့်လည်း အူဘာဟာ နည်းပြကလော့ပ်နှင့်အတူ ဒေါ့မွန်မှာ စတင်ပြီး နာမည်ရ ကစားသမားဖြစ်လာပါတော့ တယ်။ လက်ရှိအချိန်မှာလည်း အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာ တစ်ချိန်က ဂန္တဝင်ကစားတိုက်စစ်မှူး အွန်နရီ အလား အသင်းခေါင်းဆောင်တစ်ဦးအသွင်နဲ့ ဂိုးတွေ သွင်းပြနေသူတစ်ဦး ဖြစ်ပါတယ်။

ဂျိုရှုအာ ကင်မစ်ရှ်(ဘိုင်ယန်မြူးနစ်၊ဂျာမနီ)

---------------------

လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂျာမနီ လက်ရွေးစင် ကွင်းလယ် ကစားသမား ဂျိုရှုအာကင်မစ်ရှ်ဟာလည်း ဘိုင်ယန်မှာ မူလက ညာနောက်ခံလူအဖြစ် ကစားခဲ့သူပါ။ ဒါပေမယ့် ကွင်းလယ် ကစားသမားကောင်း ရှားပါးလာ ခဲ့တဲ့ ဘိုင်ယန်ဟာ ဒီလူငယ် ကစားသမားလေးကို ကွင်းလယ်မှာ ကစားစေခဲ့ပါတယ်။ကစားသမားရဲ့ စွမ်းဆောင် ရည်ကောင်းကြောင့် ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် အားထားရတဲ့ ကွင်းလယ် ကစားသမား ကောင်း တစ်ယောက် မွေးဖွားလာနိုင်တယ်လို့ပဲ ဆိုရမှာပါ။အသက် ၂၆နှစ်အရွယ် ကင်မစ်ရှ်ရဲ့ ပွဲကို ဖတ်တတ်တဲ့ စွမ်းဆောင်ရည်ကောင်းကလည်း သူ့ကို ကွင်းလယ်မှာ ဆရာတစ်ဆူ ဖြစ်လာစေခဲ့တာ အမှန်ပင် ဖြစ်ပါတယ်။

ရော်ဘတ်တို ဖာမီနို(လီဗာပူး၊ဘရာဇီး)

-------------------------

ဖာမီနိုက လီဗာပူးကို မရောက်ခင် ဟော်ဖန်ဟိမ်းအသင်းမှာ ကွင်းလယ်တိုက်စစ် ကစားခဲ့သူတစ်ဦးပါ။ ဒါပေမယ့် လည်း သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို မြင်ထားတဲ့ ကလော့ပ်ဟာ ဒေါ့မွန်မှာရှိစဥ်က အူဘာမီယန်းကို တိုက်စစ်မှူး ထား ကစားခဲ့သလို လီဗာပူးမှာလည်း ဖာမီနိုကို တိုက်စစ်မှူး နေရာမှာ ထားကစားစေခဲ့ပြန်ပါသေးတယ်။ အစကတည်းက ကွင်းလယ်တိုက်စစ်မှာ အကွက်မြင်မြင်နဲ့ တိုက်စစ်မှူးတွေ ဂိုးသွင်းနိုင်အောင် ဖန်တီးနိုင်သူဟာ တိုက်စစ်မှူး စစ်စစ်နေရာ အဖြစ် ကစားရချိန်မှာတော့ အချို့ဂိုးတွေကို မကြည့်ပဲနဲ့တောင် သွင်းပြနေပါသေးတယ်။

ဂါရတ်ဘေးလ်(စပါး၊ဝေးလ်)

---------------

ဂါရတ်ဘေးလ်ဟာ ဘယ်သန်ကစားသမားတစ်ဦးဖြစ်သလို လျင်မြန်တဲ့ ပြေးအားကြောင့်လည်း ဥရောပ ဘောလုံး ဇာတ်ခုံမှာ တစ်စနဲ့တစ်စ နာမည်ရလာပါတယ်။ ဘယ်တောင်ပံမှာ အတက်အဆင်း မြန်မြန်နဲ့ စပါးအသင်းကို ပံ့ပိုး ပေးနိုင်ခဲ့တဲ့ ဘေးလ်ဟာ ဘယ်နောက်ခံလူ နေရာကနေ ဘယ်တောင်ပံ ကွင်းလယ်လူ အဲ့ဒီကတဆင့် တောင်ပံ တိုက်စစ်မှူးအထိ ပြောင်းလဲ ကစားလာခဲ့ပြီး နောက်ဆုံးမှာတော့ ရီးရဲမက်ဒရစ်အသင်းရဲ့ ခေါ်ယူခြင်းကို ခံရကာ ချန်ပီယံလိဂ် ဆုဖလားတွေ များစွာ ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ စပါးအသင်းကို ပြန်လည် ပြောင်းရွှေ့ ကစားနေသူဘေးလ်ဟာလည်း ဘယ်တောင်ပံ တစ်ခြမ်းကို အပိုင်သိမ်းထားသူ ဖြစ်ပါတယ်။

ဘတ်စတီယန် ရှဝိန်းစတိုင်ဂါ(ဘိုင်ယန်မြူးနစ်၊ဂျာမနီ)

----------------------------

အဓိက ကစားသမားဘဝတစ်ခုလုံးကို ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကုန်ဆုံးခဲ့တဲ့ ဂျာမနီ လက်ရွေးစင်ဟောင်း ရှဝိန်း စတိုင်ဂါဟာလည်း ယခင်က ညာတောင်ပံ ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့သူ ဖြစ်ပြီး နောက်ပိုင်းမှာတော့ မိုက်ကယ်ဘောလက်ခ်၊အိုဝင်ဟားဂရေ့ဗ်တို့ရဲ့ ကွင်းလယ်ဗဟို ကစားသမားနေရာဘွဲ့ကို ခံယူကာ ၂၀၁၄ ကမ္ဘာ့ ဖလားမှာတော့ ဂျာမနီအသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး မောင်းနှင်ပေးခဲ့ပြီး ချန်ပီယံ ဖြစ်စေခဲ့သူလည်း ဖြစ် ပါတယ်။



က္က